ကျောက်ပန်းတောင်းမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲကို မေလ(၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း က စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက် တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ် လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက် များ၊ ဥပဒေပါပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းအမိန့်ညွှန်ကြားချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည် နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်းတိုင် ကြားနိုင်ခြင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့်ဥပဒေ အကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေး နွေးခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင် (၆၆) ဦး တက်ရောက်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)