ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် ကွပ်ကဲ မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်း လုံခြုံမှုရှိ စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့မဈေး ကော်မတီတို့ဖြင့်ပူးပေါင်း၍ (၁၆.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့မဈေးတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင်  ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်ပစ္စည်းမျိုးစုံရောင်းချနေသော ဆိုင်ရှင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၊ ပုဒ်မ ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့်မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေ အတွက်(သို့)အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ အရွယ်အစား၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်မျိုးစုံ ရောင်းချ သည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း မရှိ သည့် ကုန်စည်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(မ‌ကွေး)