“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းမေလတွင်ဖြစ်ပေါ်နေသောအခြေခံပစ္စည်းများ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း မေလတွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား မေလ(၁၉)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း တို့ သည် အမှတ်(၂၂) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်၊ အမှတ်(၂၂၆) ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးကိုလေး(ခ)ဦးသိန်းထွဋ် ကုန်စုံဆိုင်၊ စည်ပင် သာယာမြို့မ ဈေး အတွင်းရှိ မိဘရိပ် ဦးမြင့်ထူး၊ ဒေါ်မူ ဆန်ဆိုင်၊ ဦးတင်ဆွေဦး၊ ဦးတင်ဝင်း၊ ဒေါ်ချိုချိုမြင့် ကုန် ခြောက်ဆိုင်များနှင့် ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်များ၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်သင်းသင်း ရေချိုရေငံ ငါး၊ ပုစွန် အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ လက်ကား အရောင်းဆိုင်နှင့် ဦးဖိုထောင်း၊ ဦးကျောက်ခဲ မျှင်ငံပိ၊ ငါးခုံးမ ငံပိနှင့် အသီးအရွက် ကုန်စိမ်းဆိုင်တို့တွင် လက်ရှိ အချိန် မေလအတွင်း ဈေးနှုန်းနှင့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန် ပစ္စည်းဈေးနှုန်းတို့မှာ ကွာခြားချက်မရှိဘဲ တည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)