“ကွမ်းခြံကုန်းမြို့နယ်အတွင်းစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး ၏ ညွှန်ကြားချက်နှင့်အညီ စားအုန်းဆီ အရောင်းဆိုင်များတွင် လက်လီလက်ကား ရောင်းချနေမှု အခြေအနေများကို မေလ(၁၉)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ ခေတ္တဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြပြီး ရပ်ကွက်အတွင်းနှင့် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော အရောင်းဆိုင် များဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ လက်လီလက်ကား ကိုယ်စားလှယ် ဦးဟိန်းသော်ဇင်ဦး (KMA Asia) အရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကျီးမကျီးရပ်ကွက်ရှိ ဦးရဲဝင်းဟိဏ်း လက်လီအရောင်းဆိုင်၊ ဦးစိုးတင့် လက်လီအရောင်းဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသော ဒေါ်လဲ့လဲ့သင်း လက်လီအရောင်းဆိုင်၊ ဒေါ်မြသီတာကျော် လက်လီအရောင်းဆိုင်၊ ဦးမြတ်မင်းသူ လက်လီအရောင်းဆိုင်များမှ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ရောင်းချသည့် ကုမ္ပဏီ ခွဲတမ်းရရှိသည် ပိဿာ၊ ဖြန့်ဖြူး ရောင်းချသည့် ရပ်ကွက်၊ ကျေးရွာများနှင့် ရောင်းချပေးသည့် ပိဿာ၊ ပေပါ၊ ရောင်းချပေးသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချနေသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

            အဆိုပါ စားအုန်းဆီရောင်းချသည့် လက်လီအရောင်းဆိုင် လုပ်ငန်းရှင်များက မြို့နယ် စားအုန်းဆီ ကိုယ်စားလှယ်ထဲမှ လက်ကားဈေးဖြင့် ဝယ်ယူကာ ၂% အမြတ်ဖြင့် မိမိတို့တာဝန် ယူရောင်းချပေးရမည့် ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုစာအုပ်ဖြင့် (၇)ရက် တစ်ပတ်လျှင် တစ်ကြိမ် (၅၀)ကျပ်သားဖြင့် နံနက်(၀၇:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီအချိန်ထိ ရောင်းချလျက် ရှိပြီး မြို့နယ်စားအုန်းဆီ ကိုယ်စားလှယ်မှလည်း အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ အလုပ်သမားခများ တွက်ချက်၍ (၂%)အမြတ်ဖြင့် ရပ်ကွက်၊ ကျေးရွာများကို တာဝန်ယူရောင်းချနေသည့် လက်လီအရောင်းဆိုင်များ မြို့နယ်အတွင်းရှိစားသောက်ဆိုင်၊ အကြော်ဆိုင်များ၊ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့များနှင့် သာရေးနာရေး ကိစ္စများကိုပါ ရောင်းချနေကြောင်း သိရသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့များက စားအုန်းဆီများအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချသွားရန် ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)