
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဘိလပ်မြေရောင်းချနေမှု အခြေအနေများ ကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ရှိ ကျော်၊ အိမ်ဖြူတော်၊ ဖြိုးဝေကျော်၊ မောင်အောင်မင်း၊ ပြည်ကျော်ရတနာ၊ ရွှေသရဖူနှင့် အောင်သရဖူ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ရှမ်းရိုးမ၊ CROWN, APACHE အမှတ်တံဆိပ်ဘိလပ်မြေများကို တွေ့ရှိ ရပြီး သယ်ယူခ နှင့် တင်ချလုပ်သားခများတွက်ချက်ပြီး ၁.၇ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ အမြတ်တင် ရောင်းချ သည်ကို တွေ့ရပါသည်။
ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက် ပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)