မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၉.၄.၂၀၂၅)ရက်နေ့ နေ့လယ်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက   စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးရေးအရာရှိ တာဝန်များဆောင်ရွက်ရာတွင် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ်  ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်များ၊ ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှပပျောက်စေရန်အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှု စစ်ဆေးရေးလုပ်ငန်းများကို  ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊  စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များကို စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၆)၊ ပုဒ်မ(၁၅)တွင် ဖော်ပြချက်ပါ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)