အခြေခံစားသောက်ကုန်နှင့် အိမ်သုံးကျန်းမာရေးအထောက်အကူဆေးဝါး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ဦးစီးမှူးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည်(၂၃.၄.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်းနှင့် ပန်းတနော် ဘုရင်နောင်လမ်းမပေါ်ရှိ စားသောက်အရောင်းဆိုင်နှင့် ဆေးဝါးအမျိုးမျိုးအရောင်းဆိူင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပူးပေါင်းအဖွဲ့သည် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များအား သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများကိုမေးမြန်းခဲ့ကြပြီး ကုန်ဈေးနှုန်းတည်ငြိမ်စွာ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်နေပြီး ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်း၊ ကျန်းမာရေးသုံး ဆေးဝါးများ သက်တမ်းလွန်ကုန်စည်များစစ်ဆေးခြင်း၊ ထောက်ခံချက်မပါရှိသောဆေးဝါးများကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်းဆေးအမျိုးမျိုး ဝယ်ယူရောင်းချမှု ပစ္စည်းပြန်လပ်မှု ရှိမရှိနှင့် ကုန်စည်ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ကြသည်။  ဆေးဝါးများ ပစ္စည်းပြတ်လပ်မှု မရှိပဲ ရန်ကုန်ကုမ္ပဏီများမှ ပစ္စည်းမှာယူရကြန့်ကြာ၍ ရက်အနည်းငယ်စောင့်ရပြီး ဈေးအနည်းငယ်သာမြင့်ကြောင်း သိရသည်။ စစ်ဆေးရေးအဖွဲ့မှ မှာယူရသော ကုန်စည်ပြေစာများ လိပ်စာနှင့်ဖုန်းနံပါတ်များကို စနစ်တကျသိမ်းဆည်း ထားရန်လိုအပ်ကြောင်း လုပ်ငန်းများအဆင်ပြေချောမွေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသောက်ကုန်စည် အရောင်းဆိုင်(၅)ဆိုင်၊ ဆေးဆိုင်(၅)ဆိုင်တို့ကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)