
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ ဓနုဖြူမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့အတွင်းရှိ အိမ်သုံးဆေးဝါးအမျိုးမျိုး ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ၊ အိမ်သုံးဆေးဝါးများဖြစ်သော ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး၊ အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ သွေးတိုး၊ ဆီးချို၊ နှယြူးဆေး၊ သွေးကျဲဆေးစသည့်ကုန်စည် ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး ယခင်အပတ် ဈေးနှင့် နှိုင်ယှည်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး မြန်မာဆေးများ သက်တမ်းလွန် ကုန်စည်များ ရှိ/မရှိကို စစ်ဆေးခြင်း သက်ဆိုင်ရာထောက်ခံချက်များကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။ ဆေးဝါးများ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရျိပဲ ပုံမှန်အရောင်းအဝယ်ဖြစ် နေကြောင်း တွေ့ရှိရပြီးလုပ်ငန်းရှင်များမှ ကုန်စည်မှာ ယူရသည့်ပြေစာဖြတ်ပိုင်းများကို သိမ်းဆည်းထားရန် ဈေးအမျိုးမျိုးရောင်းချရာတွင် တရားဝင်ကုန်စည်များကိုသာရောင်းချရန် ကုန်အညွှန်အညွှန်းအသား ပြည်စုံသောကုန်စည်များကိုရောင်းချရန်၊ သင့်တင်မျှတသောဈေးဖြင့်သာ ရောင်းချကြရန် အသိပေးပြေကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)