မဟာအောင်မြေခရိုင်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်း မဟာအောင်မြေမြို့နယ်ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၈)ခုသို့    ၂၈.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)