ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၆.၅.၂၀၂၅)ရက်နေ့ ညနေ(၀၄:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်၊ မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးမောင်မောင်ကျော်၊ မြို့နယ်စည်ပင်လက်ထောက်အုပ်ချုပ်ရေးမှူး ဉီးဇော်ဇော်အောင်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူးဒေါ်နီလာဦး၊ မီးသတ်တပ်ဖွဲ့မှ ဒုမီးသတ်ဉီးစီးမှူး ဦးသက်ပိုင်စိုး၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အဖွဲ့ဝင် ဦးတင်ရွှေတို့ပူးပေါင်းပါဝင်လျက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အမှတ်(၁၀/၁၁)ရပ်ကွက်နှင့် အတွင်းပဒံရှိ ဆန်ဆိုင်များတွင် ရောင်းချနေသောဆန်များမှာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ လစဉ်ထွက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးကို (၈%)သာ အမြတ်တင်ရောင်းချပါကြောင်း၊ ဆန်များကိုလည်း သိုလှောင်ထားခြင်းမရှိပါကြောင်း၊ စားသုံးသူ ပြည်သူများထံသို့ ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ဈေးနှုန်းပိုမိုရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)