
(၂၀.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဉီးတို့သည် အင်းစိန်မြို့နယ်ရှိ ဖော့ကန် City Mart ရှိ City Care ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Care ဆေးဆိုင်တာဝန်ခံ ဒေါ်စုပန်ဝင်းမှ ပူးပေါင်းဝင်လျက် အဖျားပျောက်ဆေးများဖြစ်သော Paracap၊ YSI Para tab၊ Lensen နှင့် Para Denk တို့တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ၊ သက်တမ်းကုန်ဆုံးမည့်ရက်များကို ပြည့်စုံစွာရေးသား ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သက်တမ်းကုန်ဆုံးနီးသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)