Mobile Phone ရောင်းချသည့်အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဉီးနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ပူးပေါင်း၍ (၁၉.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ OK Mobile ဖုန်းဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ OK Mobile ဖုန်းဆိုင်တွင် ရောင်းချနေသည့်အမှတ်တံဆိပ် Oppo၊ Vivo၊ Tecno၊ Infinity၊ Honor လက်ကိုင်ဖုန်းအမျိုးမျိုးအား လက်ကျန်အရေအတွက် မေးမြန်းခဲ့ပြီး ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပေးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

 DOCA (ရန်ကုန်)