
(၁၉.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၁၅)နာရီအချိန်တွင် ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေနဂါး Mobile Phone ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အမှတ်(၃၆)၊ အမှတ်(၄)လမ်းမကြီး၊ မြင်းလှည်းဂိတ်၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေနဂါး Mobile Phone ဆိုင်သို့ သွားရောက်၍ Smart၊ Tecno ရောင်းချနေသော လက်ကိုင်ဖုန်း များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်ပစ္စည်းများသည် သက်ဆိုင်ရာ အမှတ်တံဆိပ်ကုမ္ပဏီများမှ ဆိုင်အရောက် ရောင်းချပေးပါကြောင်း၊ ဒေါ်နီလာဝင်းဦးစီးမှူးမှ မည်သည့်ကုန်ပစ္စည်းမဆို ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိသော အမှတ်တံဆိပ်များကိုသာ ရောင်းချပေးရန် အသိပညာပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)