“ခရမ်းမြို့နယ်ရှိလျှပ်စစ်ပစ္စည်းဆိုင်များ၌ TVများတွင်ကုန်အညွှန်းအမှတ်အသားများ အားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ လမ်းညွှန်ချက်အရ TV များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိအား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် TVအရောင်းဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက  မေလ(၁၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

           ထိုသို့ စစ်ဆေးခဲ့ရာတွင် လျှပ်စစ်ပစ္စည်းဆိုင်များဖြစ်သော ရွှေငါးကြင်းထွန်း လျှပ်စစ်ပစ္စည်းဆိုင်များတွင် ရောင်းချလျှက်ရှိသော TV များတွင် ကုန်အညွှန်းအမှတ်အသားများ  မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြခြင်းများအား စစ်ဆေးခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)မျိုးတွင် ပါဝင်သော အီလက်ထရောနစ်ပစ္စည်း အမျိုးမျိုးတွင် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ဆိုင်ရှင်များအား မြို့နယ်တာဝန်ခံမှ ရှင်းလင်းခဲ့ပြီး ထိုအချက်များနှင့် ပြည့်စုံသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)