
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မေလ(၁၉)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗြမ္မာစိုရ်ခန်းမ၌ ကျင်းပ ပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဝင်ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရမ်းမြို့နယ်တွင် မိုးရာသီ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါး စိုက်ဧက (၁)ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် နှစ်စဉ်တောင်သူများအား ထုတ်ချေးလျှက်ရှိရာ ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင် အချိန်စေ့ ကြွေးကျန်အကျေပေးဆပ်ပြီးသော ကရင်ကန်ကျေးရွာအုပ်စုမှ တောင်သူ (၁၂၉)ဦး၏ လယ်ဧက (၈၁၀) ဧကအတွက် ငွေကျပ် (၁၂၁၅)သိန်းကို စတင်ထုတ်ချေးခြင်း အခမ်းအနားတွင် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူကိုယ်တိုင် တက်ရောက်၍ အမှာစကား ပြောကြားခြင်း၊ ကရင်ကန်ကျေးရွာရှိ တောင်သူကြီးများအား ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ အသီးသီးပေးအပ်ခဲ့ပြီး ခရမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တောင်သူ (၈၀၀၀)ဦး၏ မိုးစပါးစိုက်ဧက (၅၇၀၀၀)အတွက် ငွေကျပ် (၈၅၅၀၀၀) ကျပ်သန်းအား ထုတ်ချေးပေးရန် လျာထားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)