
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ၁၉.၅.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင် လမ်းမပေါ်ရှိ Pro One (စက်ဆန်း)အတွင်းရှိ ဘိလပ်မြေအရောင်း တာဝန်ရှိသူများထံ ဘိလပ်မြေအခြေအနေများ သွားရောက်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့မေးမြန်းရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး) က ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေ ဝင်ရောက်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)