
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များအား သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးကို ပူးပေါင်းအဖွဲ့ဖြင့် မေလ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီ ပေါ်ဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်းဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများ ကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိမရှိတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းလျက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ဆန်များရောင်းချရာတွင် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လစဉ်သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျက်ရှိရာ သယ်ယူ၊ သိုလှောင်စရိတ်များအပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)