“ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အ.ထ.ကကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားအားကို မေလ(၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထက်တန်း/အလယ် တန်း/မူလတန်း ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် မြို့နယ်ပညာရေးမှူးတို့မှ အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သော ကျောင်းသုံးပြဌာန် စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ စသည်များကို ပေးအပ်ခဲ့ပြီး အ.ထ.က (ကော့မှူး)ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများသည် မြန်မာ့ကျောင်းသီချင်းနှင့် ဇာတိမာန်သီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)