
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့မဈေး အတွင်း/ အပြင်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ မေလ (၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဆီစာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ဆီရောင်းချမှုရှိ/မရှိအား စားသုံးသူရေး ရာဦးစီးဌာန ခရိုင်ရုံးမှဝန်ထမ်းများ၊ ကျောက်တန်းမြို့မဈေး တာဝန်ခံနှင့် စားအုန်းဆီဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆီထုတ်ကိုယ်စားလှယ် ဦးကျင်ပိုးတို့နှင့် စားအုန်းဆီရောင်းချသော ကုန်စုံဆိုင်များသို့ သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူနိုင်စေရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ထုတ်ယူပြီးဆီများ သိုလှောင်ထားခြင်း မရှိစေရေး၊ ဆီရောင်းချရာတွင် အလေးချိန်မှန်ကန်စေရေးအတွက် စစ်ဆေးရခြင်းဖြစ်ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူသောဆီများအား မသမာသောနည်းလမ်းများဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်နှင့် ဆီဆိုင်ပိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)