“ ဒလမြို့နယ်၌စားအုန်းဆီလက်လီ/လက်ကားရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ရပ်ကွက်များတွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်များသို့ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍   မေလ(၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း ကမာကဆစ်ရပ်ကွက်များရှိ စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းပေးလျက်ရှိသော ဆီအရောင်း ကိုယ်စားလှယ် ဆိုင်ကြီးများတွင် စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ လက်ဝယ် အရောက် ဝယ်ယူ စားသုံးနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်ကားဈေးအား မိမိတို့ဒေသအရောက် သယ်ယူစရိတ်အပါ နှစ်ရာခိုင်နှုန်း အမြတ်ထက်မပိုသော သတ်မှတ်ဈေးနှုန်းဖြင့် ဈေးကွက် အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သိုလှောင်ထားရှိခြင်းများ မပြုလုပ်ကြရန် ထိုသို့ပြုလုပ်မှုများအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)