ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် မေလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်ပေါင်း ၆၄ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၁၈ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၇၇ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၉၀ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၅ ခုနှစ်၊ မေလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ မာဒါဂက်စကာ နှင့် ပြင်သစ်နိုင်ငံတို့သို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ပဲစဉ်းငုံဖြူ၊ ပဲလွန်း၊ ပဲလွန်းအခွံချွတ်ခွဲခြမ်း၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပဲလုံးညို၊ မတ်ပဲအခွန်ချွတ်ခွဲခြမ်း၊ ပဲယင်းနီ၊ မြေထောက်ပဲ၊ စွန်တာနီ၊ ဘိုကိတ်ပဲ၊ တိရစ္ဆာန်စာနှင့် အင်ဖက်တို့တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံ ဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၁၀၁ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၇ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၃၅၇ ခု၊ သီးနှံဓာတု ဓာတ်ခွဲ ခန်းမှ ၂၀ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ  ၅ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၄၉၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။