
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဉီးတို့သည် (၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၀) နအချိန်တွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာရှိ PT Power စက်သုံးဆီ ဆိုင်သို့ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက PT Power စက်သုံးဆီဆိုင်တာဝန်ခံအား စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိစေရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ချောဆီများ တင်သွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)