
(၂၇.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၃:၁၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး၊ ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်(၃)ဦးတို့လိုက်ပါလျက် တိုက်ကြီးမြို့နယ်ရှိ ဦးဝင်းအောင် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် မြို့မဈေး၊ ရုံ(၂၀) အခန်း(၈)ရှိ ဦးဝင်းအောင်မှ မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂)ပိဿာပေးပါ ကြောင်း၊ ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း၊ မိမိတို့ ဌာနမှလည်း သိုလှောင်ထားခြင်းများမရှိခဲ့လျှင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)