ဗဟိုရ်လမ်းရှိ ရွှေအိုးဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်   ၂၃.၅.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင်  အမှတ် (၁၈၇), ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ ဒေါ်အေးသန္တာထွန်း နှင့်   သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (၂၅၀)ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဒေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး  ဆေးကုမ္ပဏီများမှ ပေးပို့သည့်ဈေးနှုန်းများအပေါ် အမြတ်တင်ရောင်းချခြင်းမရှိကြောင်း ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)