Zaw Zaw Mobile အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၉.၅.၂၀၂၅) ရက်နေ့တွင် အမှတ်(၄၃၈) သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ   Zaw Zaw Mobile အရောင်းဆိုင်အား ကုန်အညွှန်းအမှတ်အသားများစစ်ဆေးရန် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများက ဆိုင်အတွင်း ရောင်းချလျက်ရှိသော ဖုန်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)