
(၁၉.၅.၂၀၂၅) ရက်နေ့တွင် အမှတ်(၃၅၁) သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ICARE Myanmar Mobile အရောင်းဆိုင်အား ကုန်အညွှန်းအမှတ်အသားများစစ်ဆေးရန် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆိုင်အတွင်းရောင်းချလျက်ရှိသော IPHONE-13,15 plus ,16-16 ProMax စသည့်ဖုန်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားခြင်းရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)