၂၅ ကြိမ်မြောက်အာဆီယံစီးပွားရေးကောင်စီအစည်းအဝေးကို ကမ္ဘောဒီးယား တက်ရောက်

Powered by Drupal

                ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီး Cham Nimul သည် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရပါ သည်။ မေလ ၂၅ ရက်နေ့ကျင်းပခဲ့သည့် အစည်းအဝေးကို လက်ရှိ ၂၀၂၅ ခုနှစ်အတွက် အာဆီယံ စီးပွားရေးဝန်ကြီးများဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Tengku Abdul Aziz ၏ ဖိတ်ကြားချက်အရတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဒေသတွင်းမှဝန်ကြီးများသည် မလေးရှား၏အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မှုအောက်တွင် အဓိကစီးပွားရေးဦးစားပေးကိစ္စများနှင့်ပတ်သတ်၍ ဆွေးနွေးရန် စုဝေးရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးသည့်ကိစ္စရပ်များတွင် ၂၀၂၅ ခုနှစ်အတွက် Priority Economic Deliverables အကောင်အထည်ဖော်ရာတွင် အဆင့်မြှင့်တင်ရန်၊ အာဆီယံ စီးပွားရေးပေါင်းစပ်မှုလုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာအာဆီယံစီးပွားရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးရန်နှင့်လတ်တလောကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများတိုးတက်ရန်တို့ ပါဝင် ကြောင်း သိရပါသည်။ ကောင်စီသည် ၄၆ ကြိမ်မြောက်အာဆီယံညီလာခံ၊ ဒုတိယအကြိမ်မြောက် အာဆီယံ-GCC ညီလာခံနှင့် အာဆီယံ-GCC-တရုတ်ညီလာခံတို့ပါဝင်သော လာမည့်အဓိက ဒေသတွင်းအခမ်းအနားများအတွက် ပြင်ဆင်မှုများကို ပြန်လည်လေ့လာဆန်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

Khmer Times 

DOCA (ရန်ကုန်)