
၂၇.၅.၂၀၂၅ ရက်နေ့ နေ့လယ်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၁၄၇)၊ R-10၊ (၁၀)လမ်း၊ ဇေကမ္ဘာစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ လက်ဖက်ရည်နှင့်ကော်ဖီစက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Myanmar Lion စက်ရုံမှ စက်ရုံမှူး ဦးရဲကိုကိုကျော်နှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်သူရအောင်၊ အကြီးတန်းစာရေးတို့မှ ပူးပေါင်း ပါဝင်လျက် Myanmar Lion စက်ရုံမှထုတ်လုပ်သော လက်ဖက်ရည်နှင့်ကော်ဖီတို့တွင် စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)