
၂၇.၅.၂၀၂၅ ရက်နေ့ နံနက်(၁၁:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်သူရအောင်၊ အကြီးတန်းစာရေးတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၁၄၇)၊ R-10၊ (၁၀)လမ်း၊ ဇေကမ္ဘာစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Lion လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့ နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
စက်ရုံမှူးဖြစ်သူက Myanmar Lion မှ ထုတ်လုပ်သော လက်ဖက်ရည်၊ ကော်ဖီ တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ တစ်နေ့လျှင် ပုံး(၂၀၀)၊ ပါကင် အနေဖြင့်(၄၅၀၀)ခန့် ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံအနှံအပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၂၇)ဉီး၊ မ(၁၁)ဉီး စုစုပေါင်း(၃၈)ဉီးဖြင့် လုပ်ငန်း အဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေ သောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)