ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ( Makro) ရှိ (၂၂.၅.၂၀၂၅) ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro) အတွင်းရှိ ဆန်လက်လီ ရောင်းချနေသော အမှတ်(၃၂၂) ၊ အထက်ပုဇွန်တောင်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro)အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (Makro) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ သည် မြတ်(မြောင်းမြပေါ်ဆန်း)(၂၄kg)၊ မြတ်(ရက်၉၀)(၁၂kg) ၊ မြတ်(ဧရာပဒေသာ)(၁၂kg) ၊ Ayeyar (ဇီယာ) (၁၀kg)၊ Nursery (ပေါ်ဆန်း)(၂၄kg)၊ Win (တောင်ပျံ-ရှယ်)(၂၄kg)၊ Win (ရွှေဘိုပေါ်ဆန်း)(၂၄kg)၊ မြတ် (ကျားပျံ) (၂၄kg)၊ Meizan (ပေါ်ဆန်းမွှေး)(၁၂kg)၊ Ayeyar (ပေါ်ဆန်းမွှေး) (၅kg)၊ Nursery (ပေါ်ဆန်း)(၅kg)၊ Win(ဇီယာ)(၆kg)၊ မြ(ရွှေဘိုပေါ်ဆန်း)(၅kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေး အတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေး ယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)