ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်များရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁၁.၆.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရက်ကွက်ရှိ ပဒေသာဈေးနှင့် သစ်တောဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော Sprite အချိုရည် များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  အချိုရည်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ CCPBM အမှတ်တံဆိပ်နှင့် ပုံစံတူအစိမ်း ရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးထားသည့် Sprite အချိုရည်ဘူးများ ရောင်းချမှုမရှိကြောင်း၊ ဈေးကွက် အတွင်း‌ရောင်းချလျက်ရှိသော အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ပြီး၊ FDA ထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အရောင်းဆိုင် (၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)