ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံမှ အလူမီနီယမ်အပါအဝင် ကုန်ပစ္စည်းများအတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကို ဖြတ်တောက်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပြုလုပ်သွားမည်

         ကုန်စည်နှင့် အခြားထုတ်ကုန်များစွာအတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကိုလျှော့ချမည် သို့မဟုတ် ပယ်ဖျက်မည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သောကြာနေ့တွင် ဖြေကြားခဲ့သည်။ တရုတ်နိုင်ငံသည် သန့်စင်ပြီး ရေနံထွက်ကုန်တချို့၊ ဓာတ်ရောင်ခြည်သုံးပစ္စည်းများဘတ်ထရီနှင့် သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းတချို့တို့အတွက် ပို့ကုန်အခွန်ပြန်အမ်းနှုန်းကို ၁၃% မှ ၉% အထိလျှော့ချမည်ဖြစ်သည်။ အလူမီနီယမ်နှင့် ကြေးနီထုတ်ကုန်များ၊ ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသောတိရိစ္ဆာန်၊ အပင် သို့မဟုတ် အဏုဇီဝဆီများနှင့် အဆီများအတွက် ပြန်အမ်းငွေကိုလည်းပယ်ဖျက်သွားမည်ဖြစ်သည်။ ကုန်သည်များသည် နိုင်ငံခြား သို့မဟုတ် တရုတ်အလူမီနီယမ်အများအပြားစီးဆင်းမှုကို ဟန့်တားနိုင်မည်ဟုမျှော်လင့်ထားကြသောကြောင့် လန်ဒန်သတ္တုအိတ်ချိန်းတွင် အလူမီနီယမ်ဈေးနှုန်းများခုန်တက်သွားခဲ့သည်။ အဆိုပါသတင်းသည် အပြောင်းအလဲများကြောင့် တရုတ်စားသုံးဆီများကိုပါ အကျုံးဝင်မည်ဟုထင်သောကြောင့် အမေရိကန်ပဲဆီဈေးနှုန်းများ သိသိသာသာမြင့်တက်စေခဲ့သည်။ ဇီဝလောင်စာအတွက်အသုံးပြုရန် တရုတ်နိုင်ငံမှ စားသုံးဆီများ၊ အမေရိကန်နှင့် ဥရောပသို့ တင်ပို့ရောင်းချမှုသည် ပဲဆီကဲ့သို့သော ပြည်တွင်းထုတ်အစားအစာများကို စိန်ခေါ်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အသုံးပြုပြီးသား ဟင်းချက်ဆီတင်ပို့မှုသည် ဓာတုဗေဒနည်းအရ ပြုပြင်ထားသောတိရိစ္ဆာန်၊ အပင် သို့မဟုတ် အဏုဇီဝဆီများနှင့် အဆီအမျိုးအစား၏ အကောက်ခွန်အောက်တွင် ကျရောက်လေ့ရှိပြီး ပို့ကုန်ပြန်အမ်းငွေများကိုလည်း ဖျက်သိမ်းသွားမည်ဖြစ်သည်။

Source : Reuters

DOCA(ရန်ကုန်)

ဇူလိုင်လမှ အောက်တိုဘာလအတွင်း ပါကစ္စတန်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှာ ၁၀% ကျော်တိုးတက်ခဲ့

         အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမလေးလအတွင်း ၁၀.၄၄% တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုမှ ၁၆-၁၁-၂၀၂၄ ရက်နေ့ (စနေနေ့) ကထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဘဏ္ဍာနှစ်သစ်၏ ပထမလဖြစ်သော ဇူလိုင်လတွင် အနုတ်လက္ခဏာ ၃.၀၉% ရှိခဲ့သော်လည်း ဩဂုတ်လတွင် ၁၃% ကျော်၊ စက်တင်ဘာလတွင် ၁၇.၉၂% နှင့် အောက်တိုဘာလတွင် ၁၃.၁၁% ဖြင့် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့သည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြင်းထန်သောအခွန်ကောက်ခံမှုအစီအမံများကို အကောင်အထည်ဖော်ခြင်းကြောင့် ကဏ္ဍများသည် ဒေသတွင်းပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရန် ရုန်းကန်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် ဒေါ်လာ ၂၅ဘီလီယံတပ်ဆင်နိုင်စွမ်းရှိသော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း တူညီသောအဆင့်တွင် ရှိနေခဲ့သည်။ အထည်အလိပ်တင်ပို့သူများပြောကြားချက်အရ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများကြောင့် တည်ငြိမ်လျက်ရှိကြောင်းသိရသည်။ Pakistan Textile Exporters Association ၏ နာယက Khurram Mukhtar က ပုဂ္ဂလိကကဏ္ဍမှ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပေးဝေမှုကိုရပ်ဆိုင်းခြင်းသည် တွေးခေါ်မှုမရှိဘဲ မူဝါဒချမှတ်ခြင်း၏ နမူနာကောင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံထားသည့် ဘီလီယံချီသောရူပီများသည် အန္တရာယ်ရှိလာမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းထံသို့ အပျက်သဘောဆောင်သည့် သတင်းများပျံ့နှံ့သွားမည်ဖြစ်သည်။ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ ၅.၅၆ ဘီလီယံမှ ၂၀၂၅ဘဏ္ဍာနှစ်၏ ပထမလေးလ (ဇူလိုင်-အောက်တိုဘာလ)အတွင်း ၆.၁၅ ဘီလီယံတိုးလာခဲ့သည်။ အစိုးရမှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ဝင်ငွေအပေါ် အခွန်နှုန်းထားတိုးမြှင့်ခြင်းအပါအဝင်အမျိုးမျိုးသောအစီအမံများကိုချမှတ်ခဲ့သည်။ PBS အချက်အလက်များအရ အသင့်ချုပ်အထည်များတင်ပို့မှုသည် ပထမလေးလအတွင်း တန်ဖိုးအားဖြင့် ၂၅.၄၀% နှင့် အရေအတွက်အားဖြင့် ၁၉.၉၄% မြင့်တက်ခဲ့ပြီး ချည်ထည်များသည် တန်ဖိုးအားဖြင့် ၁၈.၆၉% နှင့် အရေအတွက်အားဖြင့် ၁၀.၀၃% မြင့်တက်ခဲ့ကြောင်းသိရသည်။ အိပ်ရာနှင့်ပတ်သက်သောပစ္စည်းများသည် တန်ဖိုးအားဖြင့် ၁၃.၁၇% နှင့် အရေအတွက်အားဖြင့် ၁၃.၆၀% တိုးလာခဲ့သည်။ မျက်နှာသုတ်ပုဝါတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၅.၄၇% မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၄.၉၆% မြင့်တက်ခဲ့သည်။ ချည်ထည်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၅.၂၅% မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၀.၇၄% ကျဆင်းခဲ့သည်။

Source : Dawn

DOCA(ရန်ကုန်)

တောင်အာရှတွင်ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအတွက်များစွာသောအခွင့်အလမ်းများ စောင့်ကြိုလျက်ရှိ

                  တောင်အာရှသည် ဗီယက်နမ်၏အဓိကပို့ကုန်များအတွက် သင့်လျှော်သည့်တည်ငြိမ်မှုရှိသော စားသုံးသူဝယ်လိုအားနှင့် ကျယ်ပြန့်သည့်စျေးကွက်ဖြစ်သော်လည်း ထိုဒေသတွင် ကုန်သွယ်ရေးအလားအလာသည် အပြည့်အဝရောက်ရှိရန်ဆက်လက်ကျန်ရှိနေသေးကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ၁၃ ရက်နေ့ကကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများကပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို International Integration Support အတွက်ဟိုချီမင်းမြို့တော်စင်တာ (CIIS)၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အာရှ-အာဖရိကစျေးကွက်ဦးစီးဌာနကပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်သိသာထင်ရှားသော အခွင့်အလမ်းများကိုအသားပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အာရှ-အာဖရိက စျေးကွက်ဦးစီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Do Quoc Hung ၏အဆိုအရ နိုင်ငံပေါင်း၈နိုင်ငံနှင့် လူဦးရေ ၂ ဘီလီယံကျော်နှင့် အားကောင်းသောဝယ်လိုအားရှိသော ထိုဒေသသည် ဗီယက်နမ် အတွက် အာမခံချက်ရှိသောစျေးကွက်တစ်ခုဖြစ်ကြောင်းသိရပါသည်။ တောင်အာရှသည်စက်ပစ္စည်းများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊‌ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊အဝတ်အထည်၊ အထည်အလိမ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များပါဝင်သည့် ဗီယက်နမ်ပို့ကုန်များအတွက် သိသာထင်ရှားသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း ၂၀၂၃ ခုနှစ်တွင် တင်ပို့မှုမှာအမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံသာရှိခဲ့ပြီး နိုင်ငံ၏အာရှ-အာဖရိကသို့ စုစုပေါင်းတင်ပို့မှု၏ ၄% ထက်လျှော့နည်းသောကြောင့် ကုန်သွယ်မှုပမာဏမှာ အလားအလာအောက်တွင်သာ ဆက်လက်တည်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏အချက်အလက်များအရ ယခုနှစ်ပထမ ၁၀ လအတွင်း ဗီယက်နမ်နှင့် တောင်အာရှနိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံရှိခဲ့ပြီး၂၀၂၃ခုနှစ်တူညီသည့် ကာလထက် ၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ် ကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၉.၃ ဘီလီယံရှိပြီး ၁၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။သို့သော်အတွေ့အကြုံအကန့်အသတ်ရှိနေခြင်း၊ စျေးကွက် အတွေ့အကြုံနည်းပါးခြင်း၊ တင်ပို့ရန်အတွက် တင်းကျပ်သောနည်းစနစ်အတားအဆီးများရှိနေခြင်းနှင့် စျေးကွက်တွင်ကာကွယ်ရေး စီမံချက်များမြင့်တက်လာခြင်းတို့ကြောင့် ဗီယက်နမ်လုပ်ငန်းများသည် စျေးကွက်သို့အပြည့်အဝဝင်ဆံ့ခြင်းမရှိသေးကြောင်းသိရပါသည်။ CIIS ၏ဒုတိယညွှန်ကြားရေးမှူးဖြစ်သူHuynh Minh Vu ကစျေးကွက်သတင်းအချက်အလက်မလုံလောက်မှု၊ ရှုပ်ထွေးသောစီးပွားရေးဝန်းကျင်နှင့် စီးပွားရေးအလေ့အကျင့်နှင့်ယဉ်ကျေးမှုကွဲပြားခြင်းတို့ကြောင့် ဗီယက်နမ်လုပ်ငန်းများသည်စျေးကွက်စူးစမ်းရှာဖွေရန်တွန့်ဆုတ်နေကြ ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်တောင်အာရှနိုင်ငံများသည် IT၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်ခြင်းကဏ္ဍတို့တွင် စျေးကွက်များကွဲပြားရှာဖွေလာခြင်းကြောင့် ဗီယက်နမ်လုပ်ငန်းများအတွက် အဝတ်အထည်၊ အထည်အလိပ်နှင့် စိုက်ပျိုးရေးကဲ့သို့သော ရိုးရှင်းသောလုပ်ငန်းနယ်ပယ်ကိုကျော်လွန်ကာ အခွင့်အလမ်းများပေါ်ပေါက်လာကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Bui Trung Thuong ကတောင်အာရှသို့အောင်မြင်သောစျေးကွက်လမ်းကြောင်းရရှိရန် စီးပွား‌ရေးလုပ်ငန်းများသည် စျေးကွက်ရှာဖွေမှုကနဦးစတင်ရန်၊ မဟာဗျူဟာများတည်ထောင်ရန်နှင့် ထုတ်ကုန်များကိုအသစ်ပြုပြင်ဖန်တီးရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်ရေရှည်တွင် ဗီယက်နမ်သည် ထိုစျေးကွက်တွင် ဗီယက်နမ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ၎င်းတို့၏ထောက်ပံ့ပို့ဆောင်ရေးစနစ်နှင့် သယ်ယူပို့ဆောင်ရေးစင်္ကြန်ကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး သယ်ယူမှုကုန်ကျစရိတ်ကိုလျှောချသင့်ကြောင်း Thuong ကဆက်လက် ပြောကြားခဲ့ပါသည်။

VietnamPlus

DOCA(ရန်ကုန်)        

VinFast ကဗီယက်နမ်စျေးကွက်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်ဖြစ်လာ

                ဗီယက်နမ်နိုင်ငံအခြေစိုက် Vingroup ၏ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် အောက်တိုဘာလတွင် EV အစင်း ၁၁၀၀၀ရောင်းချခဲ့ပြီး ၂၀၂၄ ၏ ပထမဆယ်လတာကာလအတွက် စုစုပေါင်းအစင်းရေ ၅၁၀၀၀ရောင်းချခဲ့ရသည့်အတွက် ဗီယက်နမ်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့ကြောင်းသိရပါသည်။ VF 3 နှင့် VF 5 တို့မှာအ‌ရောင်းရဆုံးမော်ဒယ်များဖြစ်ပြီး အစင်းရေ ၅၀၀၀ နီးပါးနှင့် ၂၆၀၀ ကျော်အသီးသီးရောင်းချခဲ့ရကြောင်းသိရပါသည်။ VF 6၊ VF 7၊  VF 8၊ VF 9နှင့် VF e34 တို့ပါဝင်သော အခြားမော်ဒယ်များမှာလည်း အထင်ကြီးဖွယ်‌ရောင်းချရမှုပမာဏရှိခဲ့ပြီး စားသုံးသူများ၏ လျှပ်စစ်မော်တော်ယာဥ်များနှင့် အစိမ်းရောင်အရွေ့ဆီသို့ ဦးစားပေးမှုကြီးထွားလာခြင်းကို ရောင်ပြန်ဟပ်နေကြောင်းသိရပါသည်။ ဗီယက်နမ်၏အရောင်းရဆုံး ကားအမှတ်တံဆိပ်အဖြစ် VinFast ၏အောင်မြင်မှုသည် ပြည်တွင်းမော်တော်ယာဥ်လုပ်ငန်းနယ်ပယ်အတွက် သိသာထင်ရှားသောအလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ကြောင်းသိရပါသည်။ VinFast သည်စျေးကွက်အတွင်းဝင်ရောက်လာသည့် ၅ နှစ်အတွင်း အားကောင်းသောအနေအထားကို တည်ထောင်နိုင်ရုံသာမက ပြည်ပကားအမှတ်တံဆိပ်များကို တရားဝင်ကျော်ဖြတ်ကာ အကြီးမားဆုံးစျေးကွက်ဝေစုကို ရယူနိုင်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ၎င်းတို့သည် ဓာတ်ဆီစွမ်းအင်သုံးမော်‌တော်ကားအမှတ်တံဆိပ်များကို ကျော်ဖြတ်နိုင်သည့် ပထမဆုံး EV အမှတ်တံဆိပ်ဖြစ်ခဲ့ပြီး သန့်စင်သောလျှပ်စစ်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းပြီးနောက် ၂ နှစ်အတွင်း စျေးကွက်ကိုဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)        

အိန္ဒိယသို့ အမေရိကန်နိုင်ငံမှ ကြက်ဆင်ထုတ်ကုန်များ ပထမအကြိမ်တင်ပို့ရောက်ရှိ

               အိန္ဒိယနိုင်ငံသို့ အမေရိကန်မှ ကြက်ဆင်ထုတ်ကုန်များပထမဆုံးအကြိမ်တင်ပို့မှုသည် ၁၁.၁၂.၂၀၂၄ (အင်္ဂါနေ့) ကစတင်ခဲ့ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးတွင် ခြေလှမ်းအသစ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အခွန်မြင့်မားစွာလျော့ချရန် အမေရိကန်တောင်းဆိုချက်ကို အိန္ဒိယမှသဘောတူပြီးတစ်နှစ်ကျော်အကြာတွင် အဆိုပါတင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ဆီးနိတ် India Cacus ၏ ပူးတွဲ ဥက္ကဋ္ဌလည်းဖြစ်သည့် -Virginia မှ အမေရိကန်အထက်လွှတ်တော်အမတ် Mark Worner မှ ၎င်းသည် နိုင်ငံတကာကုန်သွယ်မှုသမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ကြက်ဆင်ထုတ်ကုန်များ၏ လက်လှမ်းမီမှုကိုတွင်ကျယ်စေပြီး အမေရိကန်ကြက်ဆင်မွေးမြူသူများအတွက်လည်း လမ်းကြောင်းအသစ်များဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံပေါင်းဆောင်ရွက်မှုဖြင့် ကုန်သွယ်မှုသဘောတူညီချက်နှင့် အကောက်ခွန်လျော့ချနိုင်ရေးတို့ကြောင့် ယခုကဲ့သို့တင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ယခုလပထမအကြိမ်တင်ပို့မှုသည် အမေရိကန်-အိန္ဒိယကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကိုသက်သေပြခဲ့ပြီး အစားအစာကွဲပြားမှုနှင့် အရည်အသွေးကိုတိုးချဲ့ရန်ဟူသောကတိကဝတ်ကိုရောင်ပြန်ဟပ်လျက်ရှိကြောင်း National Turkey Federation ၏ CEO ဖြစ်သူ Leslee Oden မှပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်စက်တင်ဘာလတွင် ကြေညာခဲ့သောကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယသည် အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အကောက်ခွန်များကိုဖယ်ရှားကာ နိုင်ငံလျှင်မြန်စွာကြီးထွားနေသောဈေးကွက်သို့ တို့မြင့်ဝင်ရောက်နိုင်ရေးအတွက် လမ်းခင်းပေးခဲ့ကြောင်းသိရှိရပါသည်။

Source: PTI

DOCA(ရန်ကုန်)        

EU ၏ဂျုံဈေးနှုန်းများ ကျဆင်းလျက်ရှိ

              ရုရှားနှင့် ယူကရိန်းတို့မှပြိုင်ဆိုင်မှုပြင်းထန်သဖြင့် ဥရောပဂျုံဈေးသည် ၁၃.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂတင်ပို့ရောင်းချမှုအလားအလာမှာ ကျဆင်းခဲ့ပါသည်။ ပဲရစ်အခြေစိုက် Euronext တွင် ဒီဇင်ဘာဂျုံကြိတ်ခွဲမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး  ယူရို၂၁၁.၀၀ သို့ကျဆင်းသွားခဲ့သည်။ ရုရှား ၁၂.၅ ရာခိုင်နှုန်း ပရိုတိန်းဈေးနှုန်းများသည် FOB တစ်တန်လျှင် ၂၃၀ ဒေါ်လာအောက်နှင့် ၁၁.၅ ရာခိုင်နှုန်းလျှင် ၂၂၀ ဒေါ်လာအောက်ရှိပြီး အနောက်ဥရောပသမဂ္ဂသည် အဓိကအာရပ်နှင့် အာဖရိကတင်သွင်းသူများကြားတွင် လက်တွေ့ကျကျယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဂျာမနီကုန်သည်တစ်ဦးမှ ပြောကြားခဲ့သည်။ အယ်လ်ဂျီးယားနှင့် ပဲရစ်ကြား သံတမန်ရေတင်းမာမှုများကြောင့် အယ်လ်ဂျီးယားဂျုံတင်သွင်းမှုတင်ဒါမှ ပြင်သစ်ကိုဖယ်ထုတ်လိုက်ခြင်းကြောင့် အာရှနှင့် အာဖရိကဝယ်လက်များထံ ဈေးပေါသောအာဂျင်တီးနားဂျုံသီးနှံသစ်များကမ်းလှမ်းထားကြောင်း ကုန်သည်များက ပြောကြားခဲ့ပါသည်။

 

Source: brecorder

DOCA(ရန်ကုန်)

Prabowo နှင့် Biden တို့ ကုန်သွယ်မှုအခွင့်အလမ်းများကို တိုးမြှင့်ရန်သဘောတူ

                အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ Joe Biden တို့သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကိုမြှင့်တင်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူ‌တော်တွင်ပြုလုပ်သည့်  ၎င်းတို့၏အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း whitehouse.gov website တွင်ထုတ်ပြန်ချက်အရသိရပါသည်။ ပူးတွဲထုတ်ပြန်ချက်အရ  ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရန် တည်ငြိမ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရန်သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ အစည်းအဝေးတွင် ၎င်းတို့၏ Open Government Partnership (OGP)တွင်အဖွဲ့ဝင်အဖြစ်ပါဝင်ထားမှုအရ အစိုးရအဖွဲ့တွင် အများပြည်သူပါဝင်ပတ်မှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိမှု၏စည်းမျဥ်းများ အားကောင်း စေရေးအတွက် ၎င်းတို့၏အာမခံမှုကို အသားပေးပြောကြာခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည်မျှတသောကုန်သွယ်မှု၊ လူ့အခွင့်အရေးနှင့်အလုပ်သမား အခွင့်အရေးတို့ကို အခြေခံသောစီးပွားရေးစည်းမျဥ်းများနှင့်အညီ စီးပွားရေးမူဝါဒများတွင် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန် အလေးအနက်ထားပြောကြားခဲ့ကြောင်းသိရပါသည်။  အိမ်ဖြူတော်ထုတ်ပြန်ချက်အပေါ်အခြေခံ၍ ထိုထုတ်ပြန်ချက်သည် နှစ်နိုင်ငံစလုံးအတွက် ဒေသတွင်းစီးပွားရေးမိတ်ဖက်များ တိုးချဲ့ရာတွင်အရေးပါသည့် Indo-Pacific Economic Framework for Prosperity(IPEF) အရဟုသိရပါသည်။ နှစ်ဖက်စလုံးသည် အမေရိကန်-အင်ဒိုနီးရှားကုန်သွယ်မှုကို တွန်းအားပေးရာတွင် Generalized System of Preferences (GSP)၏ အရေးပါသည့်ကဏ္ဍကို အသိအမှတ်ပြုခဲ့ကြကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် Biden နှင့် Prabowo တို့သည် အမေရိကန်-အင်ဒိုနီးရှားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက်အရ ဆက်လက်ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် ဗျူဟာမြောက်စီးပွားရေးဆွေးနွေးပွဲများဆောင်ရွက်ရန် ဖြစ်နိုင်ချေများကိုရှာဖွေသွားရန် သဘောတူခဲ့ကြကြောင်းသိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)

ယခုနှစ်တွင်ဗီယက်နမ်အထည်အလိပ်နှင့်အဝတ်အထည်တင်ပို့မှုမှအမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရ

              ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း ဗီယက်နမ်နိုင်ငံအဝတ်အထည်နှင့် အထည်အလိပ်အသင်း( VUTAS) ၏ ဥက္ကဌဖြစ်သူ Vu Duc Giang ကပြောကြားခဲ့ပါသည်။ VITAS ၏အဆိုအရ အောက်တိုဘာလတွင် အဝတ်အထည်နှင့်အထည်အလိပ်စုစုပေါင်းတင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၈၆ ဘီလီယံရရှိခဲ့ပြီး စက်တင်ဘာလထက် ၁၀.၇% မြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထက် ၂၄.၂၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ပထမ ၁၀လတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၃၆.၁၁ ဘီလီယံရရှိခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၉.၈၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည်အဝတ်အထည်နှင့်အထည်အလိပ်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်သို့တင်ပို့ခဲ့ကြောင်းသိရပါသည်။ Giang က US၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်ကဲ့သို့သော ဗီယက်နမ်၏အဓိကတင်ပို့ရာစျေးကွက်များတွင် ကြီးထွားမှုဆက်လက်ထိန်းထားနိုင်မှုကြောင့် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှာ ယခုနှစ်တွင် ဆက်လက်မြင့်တက်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံ၊ ရုရှားနှင့်ကနေဒါစျေးကွက်များတွင်လည်း စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ရောင်းချမှုများကို မြှင့်တင်ရန်အလားအလာရှိနေကြောင်းသိရပါသည်။ ထို့ပြင်ကုန်စည်တင်ပို့မှုနှုန်းထားများမှာလည်း အကျဘက်သို့ဦးတည်နေခြင်းကလည်းအဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုကြီးထွားမှုကို ပံ့ပိုးပေးနေကြောင်းသိရပါသည်။ထို့ပြင် အမေရိကန်နှင့် ဥရောပအတိုးနှုန်းမူဝါဒတည်ငြိမ်နေမှုသည် နှစ်ကုန်ပိုင်းတွင် ဝယ်လိုအားကိုလှုံ့ဆော်ပေးနိုင်ရန်မျှော်လင့်ရကြောင်းသိရပါသည်။ သို့သော် Giang က အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းနယ်ပယ်သည် အခွင့်အလမ်းများကိုရှာဖွေရန်နှင့် လိုက်လျောညီထွေရှိရန်အတွက် စီးပွားရေးလုပ်ငန်းများက နည်းပညာတွင်ရင်းနှီးမြှုပ်နှံရန်လိုအပ်သော ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အစိမ်းရောင်စီးပွားရေးကိုဦးတည်မှုကြီးထွားလာမှုနှင့် EU နှင့် အမေရိကန်တို့တွင်ဝယ်ယူသူများက တင်းကျပ်သောစံနှုန်းများချမှတ်လာမှုတို့ပါဝင်သော များစွာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပါသည်။

VietnamPlus

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၏အစိုးရသည် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှ ဓာတုဗေဒပစ္စည်း အပေါ်ရောင်းဝယ်ဖောက်ကားမှုဆန့်ကျင်ရေးအခွန်များကောက်ခံခဲ့

                 အိန္ဒိယနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ကော်စက်ရုံများတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းတစ်တန်လျှင် ဒေါ်လာ ၅၅၇ အထိကြွေးမြုပ်တိုက်ဖျက်ရေး အခွန်ကိုငါးနှစ်သတ်မှတ်ခဲ့ပြီး ဈေးပေါသောသွင်းကုန်များမှပြည်တွင်းထုတ်လုပ်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက်ချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။ အမိန့်ကြော်ငြာစာအရ ချမှတ်ထားသောမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အား (ပြန်လည်ရုတ်သိမ်းခြင်းအစားထိုးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုပါက) ငါးနှစ်အထိစည်းကြပ်သွားမည်ဖြစ်ကြောင်း အခွန်ဦးစီးဌာန၏အမိန့်ကြေငြာစာတွင်ဖော်ပြထားသည်။ ထိုအခွန်အား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စမ်းစစ်ရေးလက်ရုံးကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးချုပ်(DGTR) မှ အလားတူအကြံပြုချက်များအတိုင်း စည်းကြပ်ကောက်ခံခြင်းဖြစ်သည်။ တန်ပြန်အရေးယူမှုအနေဖြင့် ၎င်းတို့သည် Geneva အခြေစိုက်ကမ္ဘာကုန်သွယ်ရေးအဖွဲ့ (WTO) ၏နိုင်ငံပေါင်းစုံအစိုးရ အောက်တွင် အဆိုပါတာဝန်များကိုချမှတ်ထားကြောင်းသိရှိရပါသည်။

Source: business-standard

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-အမေရိကန် ကုန်သွယ်မှုသည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံအထိ ရောက်ရှိခဲ့

               ကမ္ဘောဒီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်းအမေရိကန်ဒေါ်လာ ၈.၄၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၇ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ ပို့ကုန်သွင်းကုန်အချက်အလက်များအရ သိရသည်။ (GDCE)  ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံရှိပြီး အမေရိကန်မှတင်သွင်းမှုသည် ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိကြောင်းသိရသည်။ ကမ္ဘောဒီးယားမှအမေရိကန်သို့ အဝတ်အထည်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီးနှင့် အခြားလူသုံးကုန်ပစ္စည်းများတင်ပို့ပြီး အမေရိကန်မှမော်တော်ကားများ၊ စက်ယန္တရားများ၊ လက်ဝတ်ရတနာများ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းသည်။ The Royal School of Administration မှစီးပွားရေးပညာရှင် Duch Darin က ကမ္ဘာ့စီးပွားရေးတွင် စိန်ခေါ်မှုများရှိနေသော်လည်း ပို့ကုန်တိုးတက်မှုသည် ကမ္ဘောဒီးယားထုတ်ကုန်များ၏ အရည်အသွေးကိုထင်ဟပ်စေသည်ဟု Khmer Times သို့ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတိုးမြင့်လာခြင်းနှင့်အတူ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုဆက်လက်ခိုင်မာစေမည်ဟု မျှော်လင့်ထားကြောင်းဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများသည် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများကဲ့သို့သော အဓိကနယ်ပယ်များကို လွှမ်းခြုံထားကြောင်း Duch Darin ကပြောကြားခဲ့ပါသည်။    

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ