ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် လုံခြုံသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ပံ့ပိုးပေးသည်ဟု ဝန်ကြီးချုပ် Hun Manet ကပြောကြား

                ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ကိုပံ့ပိုးပေးသောကြောင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ဘေးကင်းကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများနှင့် ညစာစားပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ထိုပွဲတွင် လုပ်ငန်လည်ပတ်ပြီးတိုးတက်ရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုလိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုပိုမိုနှစ်သက်ပြီး ကမ္ဘောဒီးယားက ထိုအရာများကိုဖန်တီးပေးနိုင်ကြောင်းပြောကြားခဲ့သည်။ စဉ်ဆက်မပြတ် ပြောင်းလဲနေသောကမ္ဘာ့အခြေအနေများကြောင့် တည်ငြိမ်ပြီးမှန်းဆနိုင်သောပတ်ဝန်းကျင်သည် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများထူထောင်ရန်အတွက် ကြိုတင်အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Foreign Direct Investment  (FDI) Intelligence ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ထိပ်တန်းဈေးကွက်အသစ်တစ်ခုအဖြစ် ရပ်တည်နေကြောင်းသိရသည်။ ကမ္ဘောဒီးယားသည် ခိုင်မာသောပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှု၊ ငွေကြေးဖောင်ပွမှုနည်းပါးခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာကျသောနေရာတွင်ရှိနေကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံကုန်သွယ်မှု၊ RCEP နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များရှိနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးနိုင်မည်ဟု Mr.Hun Manet ကပြောကြားခဲ့သည်။

 

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဗြိတိန် ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အလားအလာများကို ဆွေးနွေးပြောကြား

               ကမ္ဘောဒီးယား-ဗြိတိန် စီးပွားရေးဆိုင်ရာအစည်းအဝေးတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမြင်များဆွေးနွေးဖလှယ်ခြင်း၊ ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုအခြေအနေများမြှင့်တင်ရန်နှင့် ဗြိတိန်ရင်းနှီးမြှုပ်နှံသူးများအတွက် အခွင့်အလမ်းများကိုလေ့လာရန်ဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol အား ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးအား ဗြိတိန်အစိုးရကိုယ်စားလှယ်များကဖိတ်ကြားခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမြင်များဖလှယ်ခဲ့ကြပြီး ကမ္ဘောဒီးယားတွင် ရင်းနှီးမြှပ်နှံမှုအခြေအနေများမြှင့်တင်ရန်နှင့် အကျိုးအမြတ်များရရှိမည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြေများကို လေ့လာနိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသောအလားလားများအတွက် ဗြိတိန်ကုမ္ပဏီများကို ကမ္ဘောဒီးယားသို့ မိတ်ဆက်ပေးရန်အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးနှင့်ဆက်စပ်၍ ဗြိတိန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏အလားအလာများကိုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးနိုင်မည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

Source: Khmer Times

DOCA(ရန်ကုန်)

ဆန်တင်ပို့မှုမှကန့်သတ်ချက်များအားရုပ်သိမ်းခြင်းသည် ၂၀၂၅ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှု ဒေါ်လာ ၅၀ ဘီလီယံကျော်အထိရောက်ရှိရန် တွန်းအားပေးကူညီလျက်ရှိ

                 တောင့်တင်းသောဝယ်လိုအားနှင့် ဘာစမာတီမဟုတ်သောဆန်များအပေါ် ကန့်သတ်ချက်များရုပ်သိမ်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးပို့ကုန်သည် ၂၀၂၄-၂၀၂၅ တွင်ကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရန်မျှော်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ၁၂-၁၁-၂၀၂၄ ရက်နေ့ (အင်္ဂါနေ့) တွင်ပြောကြားခဲ့သည်။ ဆန်၊ ဂျုံနှင့်သကြားတို့အပေါ် တင်ပို့မှုကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၆ ဘီလီယံမှ ၇ ဘီလီယံအထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဆန်တင်ပို့မှုသည် ယခင်နှစ်ကတန်ချိန် ၁၄-၁၅ သန်းထက် ယခုဘဏ္ဍာနှစ်တွင် တန်ချိန်  ၁၇-၁၈ သန်းအထိရှိလာဖွယ်ရှိကြောင်း သိရသည်။ ဘာစမာတီတင်ပို့မှုသည် တန်ချိန် ၅.၅ သန်းအထိရှိနိုင်ပြီး ပေါင်းဆန်တန်ချိန် ၇.၈ သန်းနှင့် ဘာစမာတီမဟုတ်သောဆန်တန်ချိန် ၄ သန်းကျော်ရှိကြောင်း အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့သည်။ တိုးတက်မှုအားညွှန်ပြသည့် အဓိကကုန်စည်များတွင် သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ၊ အသားနှင့် အဖျော်ယမကာတို့ပါဝင်ကြောင်းသိရှိရပါသည်။

Source: business-standard

DOCA(ရန်ကုန်)

အမေရိကန်၏ ကန့်သတ်ချက်များကြောင့် ငါးနှစ်အတွင်းတရုတ် Chips ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ပိတ်ခဲ့ရ

                Loberty Times ၏အဆိုအရ အမေရိကန်သည် တရုတ်နိုင်ငံ၏ဆီမီးကွန်ဒတ်တာလုပ်ငန်းအား ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားသောကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ကို ၂၀၂၃ ခုနှစ်အကုန်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် အသေးစားနှင့်အလတ်စားကုမ္ပဏီများသည် လိုအပ်သောပင်မနည်းပညာများနည်းပါးပြီး နည်းပညာဆိုင်ရာအတားအဆီးများကို ကျော်လွှားရန်အခက်အခဲများနှင့်ရင်ဆိုင်ရခြင်းကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီများအများအပြား လုပ်ငန်းမှထွက်ခွာသွားကြကြောင်း အစီရင်ခံစာကထောက်ပြထားသည်။ နောက်ထပ်ပြဿနာတစ်ခုမှာ အစီရင်ခံစာတွင်ဖော်ပြထားသည့်အတိုင်း အသေးစားချစ်ပ်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုနည်းပါးသွားခြင်းပင်ဖြစ်သည်။ အမေရိကန်သည် တရုတ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံမှုကိုကန့်သတ်ထားပြီး အမေရိကန်ပိတ်ဆို့အရေးယူမှုအောက်တွင် ဥရောပရင်းနှီးမြှုပ်နှံသူများသည် တရုတ်ချစ်ပ်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံရန်တုံ့ဆိုင်းလာကြသည်။ တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်စီမံကွပ်ကဲမှု၏ အချက်အလက်များကိုကိုးကား၍ ယခုနှစ်ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၂ ဘီလီယံခန့်ဖြင့် ချစ်ပ်ပေါင်း ၃၀၈.၁ ဘီလီယံတင်သွင်းခဲ့ပြီး ပမာဏမှာတစ်နှစ်ထက်တစ်နှစ် ၁၄.၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ၂၀၂၃ ခုနှစ်အလားတူနှင့်နှိုင်းယှဉ်ပါကတန်ဖိုး ၁၁.၅ ရာခိုင်နှုန်းတိုးလာပြီး တရုတ်ကုမ္ပဏီများသည် စွမ်းဆောင်ရည်မြင့်ချစ်ပ်များကို တက်ကြွစွာစုဆောင်းနေကြောင်းညွှန်ပြလျက်ရှိသည်။ ယခုနှစ်ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံသည် မော်တော်ကားများ၊ အိမ်သုံးပစ္စည်းများနှင့် အမျိုးမျိုးသောအီလက်ထရောနစ်ပစ္စည်းများတွင် အဓိကအသုံးပြု့သည့်ချစ်ပ် ၁၆၆.၆ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး စုစုပေါင်းပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၁၀.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရှိရပါသည်။

Source: trend force

DOCA(ရန်ကုန်)

ဒစ်ဂျစ်တယ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံခြင်းသည်အစိုးရရည်မှန်းချက်ဖြစ်သည့်စီးပွားရေးကြီးထွားမှု ၈% ရရှိရေးအတွက်အရေးပါ

                ဆက်သွယ်ရေးနှင့်ဒစ်ဂျစ်တယ်ရေးရာဒုတိယဝန်ကြီးဖြစ်သူ Nezar Patria ကသမ္မတ Prabowo Subianto ၏စီးပွားရေးကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၈% ရရှိရန်အတွက် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သိသာစွာမြင့်တက်လာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ Patria ကဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးသည်သော့ချက်တစ်ခုဖြစ်ကာ ICT ကဏ္ဍ တွင်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုတိုင်းသည်ပိုမိုအမှီအခိုကင်းပြီး အားကောင်းသောစီးပွားရေးဆီသို့ ခြေတစ်လှမ်းနီးကပ်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Kearney ၏ ၂၀၂၂ခုနှစ်တင်ပြချက်အရ အင်ဒိုနီးရှားသည် ICT ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆမြှင့်တင်ပါ ၂၀၃၀ ပြည့်နှစ်တွင်ရင်းနှီးမြှုပ်နှံမှုသည်နိုင်ငံ၏ GDP ကိုတစ်ရာခိုင်နှုန်းမြင့်တက်စေမည်ဟုသိရပါသည်။ Patria ၏အဆိုအရအကယ်၍ ICT တွင်ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာပါက အင်ဒိုနီးရှားနိုင်ငံသည်အလုပ်အကိုင်များနှင့် ဆန်းသစ်တီထွင်မှုများကို တံခါးဖွင့်ပေးနိုင်ခြင်း အပါအဝင်များစွာသောကဏ္ဍများတွင် အပေါင်းလက္ခဏာ  ဆောင်သည့်သက်ရောက်မှုများကို ရရှိမည်ဟုသိရပါသည်။ Patria ကကြီးထွားမှုသည် နံပါတ်တစ်ခုသာမက စီးပွားရေးကြံခိုင်မှု၊ အလုပ်အကိုင်ဖန်တီးခြင်းတွင်ကြီးမားသောအခွင့်အလမ်းများနှင့် ပြည်တွင်းဆန်းသစ်တီထွင်မှုအတွက်ဖောင်ဒေးရှင်းတစ်ခုကို ဖန်တီးပေးနိုင်ကြောင်းနှင့်သို့သော်ဒစ်ဂျစ်တယ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင်အင်ဒိုနီးရှားနိုင်ငံသည် မြို့ပြနှင့်ကျေးလက်အကြား ဒစ်ဂျစ်တယ်လမ်းကြောင်း ကွာဟချက်ပါဝင်သောစိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပါသည်။ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်ဝန်ကြီးဌာနသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ် အသိုက်အဝန်း၊ ဒစ်ဂျစ်တယ်အစိုးရနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ စသည့်ဒေါက်တိုင်လေးခုနှင့်အတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် စီစဥ်နေ‌သည်ဟု သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)

ပထမကိုးလတာအတွင်း ဆန်တန်ချိန် ၇ဒဿမ ၄၅သန်းတင်ပို့ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၂၂ဒဿမ ၁၃ရာခိုင်နှုန်းတိုးတက်ခဲ့

       ယခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၉သန်းအထိတိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ဒသမ ၄ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ဘီလီယံရရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုနှစ် ပထမကိုးလတာကာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇ဒသမ ၄၅သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ဒသမ ၁၃ရာခိုင်နှုန်းတိုးမြင့်လာကြောင်း Pichai က ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်တင်ပို့မှုမှ ဘတ်ငွေ ၁၇၂.၀၁၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄.၈၄၃ ဘီလီယံရရှိခဲ့သည်။ ပထမကိုးလတာကာလအတွင်း ဆန်တင်ပို့မှုတန်ဖိုးသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၅ဒသမ ၈၅ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၊ အီရတ်နှင့် အမေရိကန်တို့ကဲ့သို့ အဓိကစျေးကွက်များမှ အမှာစာများဆက်လက်ရှိနေခဲ့ကြောင်း Pichai က ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုဌာနနှင့် ထိုင်းဆန်တင်ပို့သူများအသင်းတို့သည် ယခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၉သန်းအထိရှိလာမည်ဟုယုံကြည်ကြသည်။

Sources-The Thailand Nations

DOCA(မန္တလေး)

ဘင်္ဂလားဒေရှ့်နိုင်ငံသည် ယီလီဆိပ်ကမ်းမှတဆင့် အိန္ဒိယဆန် ၁၃၁ တန်တင်သွင်းခဲ့

                အိန္ဒိယအစိုးရသည် ဆန်တင်းသွင်းခွန်များအား မကြာ‌သေးမီကရုတ်သိမ်းပြီးနောက် ၁၁-၁၁-၂၀၂၄ ရက်နေ့ (တနင်္လာနေ့) ကအိန္ဒိယနိုင်ငံမှ ထရပ်ကားသုံးစီးဖြင့် ဆန်တန်ချိန် ၁၃၁ တန်အား ဟီလီဆိပ်ကမ်းမှတဆင့်ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းသို့ တင်းသွင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် အစိုးရ၏သွင်းကုန်ခွန်ကို ဖယ်ရှားရန်ဆုံးဖြတ်ပြီးနောက် လွန်ခဲ့သည့် ၂၀ လအတွင်း ပထမဆုံးဆန်တင်ပို့မှုလည်းဖြစ်သည်။ ဟီလီကုန်းတွင်းဆိပ်ကမ်း အခြေစိုက်တင်သွင်းသူ Md Mostafizur Rahman ကအစိုးရသည်ဆန်ဈေးတည်ငြိမ်စေရန်နှင့် ပြည်တွင်းစတော့များမြှင့်တင်ရန် အောက်တိုဘာလ ၃၁ ရက်က အခွန်ရုတ်သိမ်းကြောင်းပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့်တင်သွင်းသူများသည် အိန္ဒိယနိုင်ငံမှဆန်တင်သွင်းခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လို့အပ်သည်စာရွက်စာတမ်းများ အမြန်တင်ပြခဲ့သည်။ လက်ရှိအချိန်အထိ တင်သွင်းသူငါးဦးသည် တစ်နှစ်လျှင်ကန်ဒေါ်လာ ၄၂၀ မှ ၄၃၀ အကြား တန်ဖိုးရှိသောကြွေစေ့များ (LC) ဖြင့်ဆန်တန်ချိန် ၃၃၀၀၀ တင်သွင်းခွင့်ပြုထားသည်။ Mostafizur ၏အဆိုအရတင်ကီလိုလျှင်တင်သွင်းမှု ကုန်ကျစရိတ်မှာခန့်မှန်းခြေအားဖြင့် LC ၅၃-၅၄ ဖြစ်သည်။ Ms Sairam International ၏ပိုင်ရှင် Md Yusup Ali က ဆန်တင်သွင်းမှုသည် ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေရေး အစိုးရမူဝါဒနှင့် လိုက်လျော်ညီထွေဖြစ်နေပြီဟုဆိုသည်။

Source: dhakatribune

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ၁၆ ရာခိုင်နှုန်းတိုးလာ

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လတွင် ကုန်ပစ္စည်းများတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ၁၈.၅၉ ဘီလီယံ ရှိခဲ့ပြီး  ၁၆ ရာခိုင်နှုန်းတိုးလာကြောင်း ၁၁-၁၁-၂၀၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ ပို့ကုန်များတွင်အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီး၊ သရက်သီးနှင့်ပဲများစသည်တို့ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အထွေထွေအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းသွင်းကုန် အမေရိကန်ဒေါ်လာ ၂၃.၄၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်းအစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။ အဓိကတင်သွင်းသည့်ကုန်စည်များမှာ ရေနံ၊ အထည်ချုပ်၊ ဖိနပ်နှင့် အီလက်ထရောနစ်ပစ္စည်း တို့ပါဝင်သည်။ ကမ္ဘောဒီးယားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (CCFTA) တို့သည် နိုင်ငံ၏ကုန်သွယ်မှုတိုးတက်မှုကို အရှိန်အဟုန်မြှင့်ပေးကြောင်းပြောကြားခဲ့သည်။

 

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-တရုတ်ကုန်သွယ်မှုသည် ၁၀ လအတွင်း ၂၃ ရာခိုင်နှုန်းတိုးတက်လာခဲ့

                 ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ်ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့လည်းပါဝင်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့  ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံတင်ပို့ခဲ့ပြီး  တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်းတိုးလာကာ ဒေါ်လာ ၁၀.၉ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား၏ အဓိကတင်ပို့သည့်ကုန်ပစ္စည်းများမှာ ဆန်စပါး၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်များဖြစ်ပြီး တရုတ်နိုင်ငံမှ အထည်ချုပ်ကုန်ကြမ်းများ၊ စက်ယန္တယားများ၊ မော်တော်ကားယာဉ်များ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆေးဝါးများကိုတင်သွင်းသည်။ ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီချက်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) သည် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များတင်ပို့မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြားနီးကပ်သသောပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂါတ်တည်ဆောက်ရန် သဘောတူညီချက်သည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုတည်ဆောက်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ Lim Heng ကပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကုန်သွယ်မှုအရှိန်မြှင့်တင်ရန် ဗီယက်နမ်နှင့်တရုတ်လုပ်ငန်းများ သဘောတူလက်မှတ်များရေးထိုး

                တရုတ်နိုင်ငံ Chongqing မြို့တော်တွင် လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဗီယက်နမ် နှင့်တရုတ်လုပ်ငန်းများသည် ကုန်သွယ်ရေး-စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် မီဒီယာတို့တွင် လွှမ်းခြုံထားသည့်နားလည်မှုသဝဏ်လွှာ (MOU) ၇ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ ထိုပွဲကို ဗီယက်နမ်ဝန်ကြီးချုပ်  Pham Minh Chinh တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် Chongqing ၏ အာဆီယံတွင်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်လျှက်ရှိပြီး နှစ်ဖက်ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်မှစ၍ ကြီးထွားလာကြောင်းသိရပါသည်။ ယခုနှစ်သည် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနအောက်ရှိ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီက Chongqing မြို့တွင်ပထမဆုံး ဗီယက်နမ်ကုန်သွယ်ရေးရုံး ဖွင့်လှစ်သည့်နှစ်ဖြစ်ကြောင်းသိရပါသည်။ ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နှင့် Chongqing ကြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၂.၈၄ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ ယခုအချိန်တွင် Chongqing ရှိစျေးများတွင် ဗီယက်နမ်၏ကော်ဖီ၊ သစ်သီးမှစ၍ ပင်လယ်စာများထိလွှမ်းခြုံနေပြီဖြစ်ပြီး အပြန်အလှန်အားဖြင့် Chongqing  မြို့မှမော်တော်ကားအစိတ်အပိုင်းများ၊ မော်တော်ဆိုင်ကယ်များနှင့် အီလတ်ထရောနစ်ထုတ်ကုန်များသည် ဗီယက်နမ်နိုင်ငံတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး နှစ်နိုင်ငံလုံးအတွက်အပြန်အလှန် အကျိုးဖြစ်ထွန်းနေကြကြောင်းသိရပါသည်။ Chongqing အကောက်ခွန်၏ အချက်အလက်များအရ ယခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလ ကာလအတွင်း မြို့တော်နှင့် နိုင်ငံ၏အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ Chongqing မှကုမ္ပဏီ ၃၀ ကျော်သည် ဗီယက်နမ်၏လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများနှင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် Chongqing တွင်ထုတ်လုပ်သည့် မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များတင်ပို့ရာ အရေးပါသောနေရာအဖြစ် ဖြစ်ပေါ်လာကြောင်းသိရပါသည်။ ထို့ပြင်ဗီယက်နမ်သည် Chongqing ကိုချိတ်ဆက်ထားသည့် ကုန်းမြေ-ပင်လယ်စင်္ကြန်လမ်းကြောင်းမှတစ်ဆင့် ကုန်ပစ္စည်းပမာဏ အမြင့်မားဆုံးသယ်ယူပို့ဆောင်သည့် အရှေ့တော်အာရှနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျှက်ရှိကြောင်း သိရှိရပါသည်။

Vietnamplus 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ