ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

သီရိလင်္ကာနိုင်ငံ၏ GDP သည် အမေရိကန်အကောက်ခွန် တိုးမြှင့်မှုကြောင့် ၁.၅ ရာခိုင်နှုန်း ကျဆင်းနိုင်

သီရိလင်္ကာ ပို့ကုန်များအပေါ် အခွန် ၄၄ ရာခိုင်နှုန်း ပြန်လည်သတ်မှတ်ပြီး ပြိုင်ဘက်ကုန်သွယ် ဖက်များအပေါ် အခွန်လျှော့ချမည်ဆိုပါက သီရိလင်္ကာ၏ GDP သည် ၁.၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ကြောင်း IMF အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် အကောက်ခွန် ၄၄ ရာခိုင်နှုန်းကို ဇူလိုင် ၉ ရက်အထိ ဆိုင်းငံ့ထား သောကြောင့် အမေရိကန်သို့ ပို့ကုန် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရန် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အထည်ချုပ်ကဏ္ဍအတွက် အမြတ် အစွန်းများ လျောနည်းသွားသည်ဟု IMF မှ ပြောကြားခဲ့ပြီး အဆိုပါ များပြားလှသော အကောက်ခွန် တိုးမြှင့်မှုကို ကုမ္ပဏီများမှ ကန့်သတ် ထားသည်။ ပြင်ပဝယ်လိုအားနည်းပါးခြင်းနှင့် ကုန်သွယ်မှု လမ်းကြောင်းလွှဲခြင်း တို့ကြောင့် ပို့ကုန်တင်ပို့မှုကဏ္ဍသည် GDP ၏ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွား နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သွင်းကုန်လိုအပ်ချက်နည်းပါးခြင်း၊ ကမ္ဘာ့ကုန် ဈေးနှုန်းများ နိမ့်ကျခြင်းနှင့် ငွေလဲနှုန်းကျဆင်းခြင်းတို့ကြောင့် ပို့ကုန်များလျော့နည်းသွားမည်ဖြစ်ကြောင်း IMF မှ ထည့်သွင်း ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျှော့ချခြင်းနှင့် မသေချာမရေရာမှု များ မြင့်တက်လာခြင်းသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးနိုင်ပြီး GDP ဆုံးရှုံးမှုကို အထောက်အကူဖြစ်စေသည်ဟု IMF ထုတ်ပြန်ခဲ့ သည်။ အလုပ်လက်မဲ့များ တိုးလာမည်ဟု IMF မှ သတိပေးထားပြီး အစိုးရအားပံ့ပိုးကူညီမှုပေးရန် လူထု၏ ဖိအားများသည် ပြုပြင်ပြောင်းလဲ ရေး အကောင်အထည်ဖော်မှုကို နှေးကွေးစေကာ ပရိုဂရမ်စွမ်းဆောင်ရည် နိမ့်ကျနိုင်ခြေကို တိုးမြင့်စေသည်ဟုလည်း IMF က သတိပေးခဲ့သည်။ Source : Xinhua DOCA(ရန်ကုန်)

မွန်ဂိုလီယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ပထမနှစ်ဝက်တွင် ၈.၇ ရာခိုင်နှုန်းကျဆင်းခဲ့

မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁၂.၁ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၈.၇ ရာခိုင်နှုန်းကျဆင်းသွား ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်း မီဒီယာများက ဇူလိုင်လ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ကုန်းတွင်းပိတ်အာရှနိုင်ငံသည် ပို့ကုန်ဒေါ်လာ ၁ ဘီလီယံကျော် သွင်းကုန်ထက် ကျော်လွန်နေသောကြောင့် နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုလက်ကျန်တွင် ပိုငွေပြနေကြောင်း ကိန်းဂဏန်းအချက် အလက်များအရသိရသည်။ မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၄၅ နိုင်ငံနှင့်လည်း ကုန်သွယ်မှုပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့အပေါ်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ထရမ့်မှပြောကြား

သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဂျပန်နှင့်ကိုရီးယားတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ လူမှုမီဒီယာ တွင် ဇူလိုင်လ ၇ ရက်နေ့က ပြောကြားခဲ့သည်။ Truth Social တွင် တင်ထားသော ထရမ့်၏ ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်ထံ ပေးပို့သောစာတွင် သွင်းကုန်အခွန်သစ်သည် တခြားကဏ္ဍအလိုက် အခွန်စည်ကြပ်မှုများနှင့် သီးခြားဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထိုနိုင်ငံများနှင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြမှုကွာဟချက်ကို ဖယ်ရှားရန် အတွက် ၂၅ ရာခိုင်နှုန်း အခွန်ပမာဏ သည် လိုအပ်သည်ထက်နည်းပါးသည်ကို နားလည်သင့် ကြောင်း၊ အကယ်၍ နှစ်နိုင်ငံလုံးမှ ၎င်း၏ စည်းကြပ်ခွန်အပေါ်တုံ့ပြန်ပါက အမေရိကန်မှ ၎င်း၏ တူညီသော ပမာဏအတိုင်း အခွန်တိုးမြင့်မည်ဟု ထရမ့်ကသတိပေးခဲ့သည်။ ‘အပြန်အလှန် အခွန်စည်းကြပ်မှု’ ကို ဇူလိုင်လ ၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ရပ်ဆိုင်းထားရန် ထရမ့်မှ အမှုဆောင်အမိန့်ကို ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ဇူလိုင်လ ၇ ရက်နေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ကာရိုလိုင်းလီဗစ်က ပြောကြားခဲ့သည်။ နောက်ထပ် နိုင်ငံ ၁၂ နိုင်ငံမှ အလားတူသတိပေးချက်များအား လက်ခံရရှိမည်ဖြစ်ပြီး ထရမ့်၏ Truth Social Platform တွင်လည်းတင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ADB သည် လာအိုနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးစနစ်များ အသွင်ပြောင်းရေးကို ပံ့ပိုးရန် အမေရိကန်ဒေါ်လာ ၆၅.၈ သန်းထောက်ပံ့ရေး အစီအစဉ်ကို အတည်ပြုခဲ့

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) သည် လာအိုနိုင်ငံရှိစဉ်ဆက်မပြတ်စိုက်ပျိုးရေး ကဏ္ဍစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆၅.၈ သန်း ရန်ပုံငွေထောက်ပံ့မှု အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ADB ၏ အဆိုအရ အဆိုပါ စီမံကိန်းသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး၊ စာနပ်ရိက္ခာ ဖူလုံရေး၊ ထိခိုက်လွယ်သော အိမ်‌ထောင်စုများနှင့် ရပ်ရွာများ၏ ဝင်ငွေများကို မြှင့်တင်ရန်ရည်မှန်းထားသည်။ ထို့အပြင် တန်ဖိုးမြင့်ကုန်စည်များအတွက် ပြည်တွင်းနှင့်ပို့ကုန်စျေးကွက်များသို့ ဦးတည်သော စိုက်ပျိုးရေး စနစ်များကို အားကောင်းစေမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများကို ပြည်နယ်အဆင့်တွင် ဆောင်ရွက်ပေးနိုင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၃.၄ သန်း ရရှိခဲ့

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၃၈၇၀၇၀ တင်ပို့ခဲ့ ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၃.၄ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါး အသင်းချုပ် (CRF) က ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၆၃ နိုင်ငံသို့ ဆန်စပါး ကုမ္ပဏီ ၅၀ က တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံ သည် ကုန်ပစ္စည်း အဓိကတင်သွင်းသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်ပသို့တင်ပို့သောဆန်များ၏ ၇၅ ရာခိုင်နှုန်းမှာ ဆန်မွှေး ၁၉.၆၈ ရာခိုင်နှုန်းမှာ ဆန်ဖြူ ၂.၄၉ ရာခိုင်နှုန်းမှာ ဆန်ကွဲ ၂.၁၃ ရာခိုင်နှုန်းမှာ အော်ဂဲနစ် ဆန် ၀.၇ ရာခိုင်နှုန်းမှာ တခြား ဆန်အမျိုးအစားများဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြား ရေး၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Soviccheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘောဒီးယား ၏ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံနှင့် အခြား RCEP နိုင်ငံများသို့ အကောက်ခွန်လိုက်လျောမှုများဖြင့် တင်ပို့ခြင်းအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို လွတ်လပ်သော ကုန်သွယ်မှုစာချုပ်အရ ကမ္ဘောဒီးယားထွက်ကုန်များ အထူးသဖြင့် ဆန်စပါး၊ ငှက်ပျောသီး၊ သရက်၊ ငရုတ်ကောင်း၊ တောရိုင်းရေထွက်ပစ္စည်းအချို့၊ အရည်အသွေးမြင့် စိုက်ပျိုးရေး ထွက်ကုန်အများအပြားကို တရုတ်နိုင်ငံသို့ ဦးစားပေး အခွန်အခများဖြင့် တင်ပို့ခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ဗီယက်နမ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်အား ထရမ့်မှကြေညာ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် စကားပြောပြီးနောက် ဗီယက်နမ်နှင့် ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာပလက် ဖောင်း Truth Social တွင် ကြေညာခဲ့သည်။ နှစ်နိုင်ငံအကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက် မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း စည်းမျဥ်းစည်းကမ်းအရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံ ပိုင်နက်ထဲကို တင်ပို့သော ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း နှင့် ပို့ဆောင်မှုတိုင်း အတွက် ၄၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ပေးဆောင်မည် ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။ အပြန်အလှန်အားဖြင့် ဗီယက်နမ်သည် ယခင်က မလုပ် ဖူးသော အရာတစ်ခုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ အမေရိကန်သည် ၎င်း၏ ကုန်သွယ်မှုအတွက် စျေးကွက်များသို့ လုံးလုံးလျားလျား ဝင်ရောက်ခွင့်ပေးမည်ဟု ထရမ့်က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင် စုသို့ ၎င်းတို့၏ စျေးကွက်ကို ဖွင့်လှစ်မည်ဖြစ်ပြီး "ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဗီယက်နမ်သို့ အကောက်ခွန်မဲ့ ရောင်းချနိုင်လိမ့်မည်" ဟု Trump က ရေးသားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံမှ ကားတင်သွင်းရောင်းချမှုသည် ဇွန်လတွင် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့

ဂျာမနီ ဇိမ်ခံမော်ဒယ်ကားများနှင့် အမေရိကန်လျှပ်စစ်ကားများအတွက် ခိုင်မာသော ဝယ်လိုအားကြောင့် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ၏ပြည်တွင်းသို့တင်သွင်းသည့် ကားရောင်း အားသည် ဂဏန်းတစ်လုံးစာ မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်နေ့ စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များ ဖော်ပြချက်အရသိရသည်။ တင်သွင်းရောင်းချသည့် မော်တော်ယာဉ် အရေအတွက်သည် အစောပိုင်း နှစ်မှ ဇွန်လ တွင် ၂၇၇၇၉ စီး အထိ ၉.၈ ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း Korea Automobile Importers & Distributors Association (KAIDA) ထုတ်ပြန် ချက်အရသိရသည်။ ယခုနှစ် ပထမခြောက်လအတွင်း ပြည်တွင်း၌ ပြည်ပမှ ကားအစီးရေ ၁၃၈၁၂၀ ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ဂျာမန်ကားထုတ်လုပ်သူ BMW သည် ဇွန်လတွင် အစီးရေ ၆၅၅၃ စီး ရောင်းချခြင်း ဖြင့် နိုင်ငံခြားကားကုမ္ပဏီများအကြား မော်တော်ကားရောင်းချရမှု အများဆုံးဖြစ်လာသည်။ အမေရိကန် ကားထုတ်လုပ်သူ Tesla သည် အစီးရေ ၆၃၇၇ စီး ရောင်းချပြီး ၎င်း၏နောက်တွင် ဂျာမန်ကားထုတ်လုပ်သူ Mercedes-Benz က အစီးရေ ၆,၀၃၇ စီး၊ Lexus မှ အစီးရေ ၁၂၃၀ စီး၊ Volvo မှ အစီးရေ ၁,၀၆၇ စီးနှင့် Porsche အစီးရေ ၁,၀၅၆ စီးတို့ ဖြစ်သည်။ ဤတွင်ရောင်းချခဲ့သည့် ဥရောပကားမော်ဒယ်အရေအတွက်မှာ ဇွန်လတွင် ၁၈၂၃၇ စီးဖြစ်ပြီး စုစု ပေါင်း၏ ၆၅.၇ ရာခိုင်နှုန်းကို ရယူထားသည်။ အမေရိကန်၊ ဂျပန်နှင့် တရုတ်ကားအမှတ်တံဆိပ်များသည် စျေးကွက်ရှယ်ယာ ၂၅.၇ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၀.၈ ရာခိုင်နှုန်းစီ မှတ်တမ်းတင်ထား ကြောင်းသိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားတို့သည် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန်ဖိုးရှိ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီခဲ့ကြ

အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သန့်ရှင်းသောစွမ်းအင်၊ ရေနံဓာတုဗေဒ လုပ်ငန်းများ၊ လေကြောင်းလောင်စာဆီဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့် ကျန်းမာ ရေးနည်းပညာများအပါအဝင် ကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံခန့် တန်ဖိုးရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို သဘောတူညီခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါသဘော တူညီချက်များကို နှစ်နိုင်ငံစလုံးမှ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး သမ္မတ Prabowo Subianto နှင့် ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman တို့က ဇူလိုင်လ ၂ ရက်နေ့တွင် Jeddah ရှိ Al-Salam နန်းတော်၌ နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း ကြိုဆိုခဲ့ ကြသည်။ ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် မှု အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပိုမိုအားကောင်းသော ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ရန် ကတိကဝတ် ပြုထားကြောင်း ဖော်ပြခဲ့သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး သတင်းအချက် အလက် ဖလှယ်ရေးနှင့် လေ့ကျင့်ရေးများ အပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမှုတို့ကိုလည်း နှစ်နိုင်ငံလုံးမှကြိုဆိုခဲ့ကြသည်။ G20၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဘက်မလိုက်လှုပ်ရှား မှုစသည့် နိုင်ငံပေါင်းစုံ ယန္တရားများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီးကြောင်း ခေါင်းဆောင် နှစ်ဦးစလုံးက အတည်ပြုခဲ့ကြောင်းသိရသည်။ Source : Xinhua DOCA(ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်ဝင်ငွေသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော်အထိရှိလာ

ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ၈.၅၈ ရာခိုင်နှုန်း မြင့်တက်လာ ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော်မြင့်တက်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်မြှင့်တင်ရေးဗျူရို၏ နောက်ဆုံးတရားဝင်စာရင်းဇယားများ အရ ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းဒေါ်လာ ၄၈၂၈၃.၉၃ သန်း (ဇူလိုင် ၂၀၂၄ မှ ၂၀၂၅ ခုနှစ် ဇွန်လအထိ) နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကန်ဒေါ်လာ ၄၄၄၆၉.၇၄ သန်း ရရှိခဲ့သည်။ ဘဏ္ဍာနှစ်၏ ၁၂ လ (ဇူလိုင်လ ၂၀၂၄ မှ ၂၀၂၅ ခုနှစ် ဇွန်လ) တွင် ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒေါ်လာ ၃.၃၄ ဘီလီယံဖိုးရှိပြီး လွန်ခဲ့သည့်နှစ် အလားတူကာလ ကထက် ၇.၅၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ တိုးတက်မှုသည် အထည်ချုပ်လုပ်ငန်းများအတွက် ကြီးထွားလာနေသော ၀ယ်လိုအားက ကြီးမားသော အကြောင်းပြချက် ဖြစ်သည်။ စုစုပေါင်း အထည်ချုပ်နှင့် ယက်ထည်များအပါအဝင် အသင့်ချုပ်အထည်များ တင်ပို့မှု မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေါ်လာ ၃၉.၃၅ ဘီလီယံ ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၅၀ ဘီလီယံရှိပြီး ယင်းအထဲတွင် အထည်ချုပ် ထုတ်ကုန်များမှ ကန်ဒေါ် လာ ၄၀.၄၈ ဘီလီယံရှိလာ ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် နေ့စဉ် ဆီထုတ်လုပ်မှုအား စည်ပေါင်း ၁ သန်းအထိ မြှင့်တင်နိုင်ရန် ရည်မှန်းထား

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို အားကောင်းစေရန်အတွက် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ သန်းအား ၂၀၂၉ သို့မဟုတ် ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဆိုင်ရာ ဒုဝန်ကြီး Yuliot Tanjung က ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရည်မှန်းချက်အောင်မြင်ရန် အစိုးရမှ စည်ပေါင်း ၅၈၀၀၀၀ မှ ၆၀၀၀၀၀ ကြားရှိသည့် ပြည်တွင်း ရေနံထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အစိုးရမှ၎င်းတို့၏ ထုတ်လုပ်မှုကို မြှင့်တင်ရန် လုပ်ငန်းနယ်ပယ် များရှိ ပူးပေါင်းဆောင်ရွက်ရေးကန်ထရိုက်တာများကို တိုက်တွန်းခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှုနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန် ထိုကန်ထရိုက်တာများအား နည်းပညာရောင်းချ သူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် Tanjung မှ အကြံပြုထားသည်။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ နေ့စဉ်ရေနံဆီသုံးစွဲမှုသည် စည်ပေါင်း ၁.၆သန်းရှိပြီး သွင်းကုန်များအပေါ် မှီခိုမှုကို လျှော့ချရန် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိကြောင်း သိရသည်။ Source : Xinhua DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ