HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၆)ရက်နေ့ မွန်းတည့်(၁၂း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြရန်၊ မြန်မာ့ဆန်စပါး  (MYRO)တွင် ဆန်စပါး သိုလှောင်ရုံများ Online မှ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ခြင်း  ဆောင်ရွက်ကြရန် သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ခြင်းတို့ကို အသိညာပေးရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  (၁၉.၃.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော 1plus အမှတ်တံဆိပ်သောက်ရေသန့် ဘူးများတွင် ကုန်အညွှန်းအမှတ်အသား  ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲနယ်မြို့၊ အိမ်မဲကြီးရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော 1plus အမှတ်တံဆိပ်သောက်ရေသန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများပါဝင်သော ပူပေါင်းအဖွဲ့မှ ဒေးဒရဲမြို့နယ် စျေးကွက်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

          ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မိတ်ဘက်ဌာနများပါဝင်သော ပူးပေါင်းအဖွဲ့သည်  စျေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်ပစ္စည်းများအား (၁၈.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
 
           ထိုသို့စစ်ဆေးကြရာတွင် မြို့မစျေးနှင့် မြို့နယ်အတွင်း ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်မုန့်များအား FDA မှ ခွင့်ပြုထားသော မှတ်ပုံတင်ကုန်အမှတ်တံဆိပ် ရှိ/ မရှိ ကုန်အညွှန်းများနှင့်၊ ထုတ်လုပ်ရက်စွဲများ မှန်ကန်မှု ရှိ/ မရှိ၊ FDA ထောက်ခံချက်များ ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယင်းသို့ ပြည့်စုံစွာဖော်ပြမထားသော ကုန်ပစ္စည်းများကို မရောင်းချကြရန်နှင့် FDA က သုံးစွဲရန်မသင့်ဟု သတင်းစာများတွင် ကြော်ငြာခံထားရသော အစားအသောက်များကို မရောင်းချကြရန် အသိပညာပေးသတိပေးခြင်းနှင့် တွေ့ရှိပါက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မအူပင်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်ခြင်း

          ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်(၁၉.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
       ထိုသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးရာတွင် ဒေးဒရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာ‌‌ရေးဦးစီးဌာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများကိုပုံမှန်‌ရောင်းချခြင်းများ ရှိ/ မရှိကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း၊ စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိ‌စေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကိုဆွေးနွေးခဲ့ကြောင်း သိရသည်၊၊ ဒေးဒရဲမြို့တွင် ဓာတ်ဆီ၊  ဒီဇယ်၊ ပရီမီယံရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ရှိ/မရှိနှင့် သိုလှောင်ထားခြင်းမျိုး မပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် စားအုန်းဆီအရာင်းဆိုင်များသို့ ကွင်းဆင်းခြင်း

         ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် စည်ပင်သာယာ‌ရေးဦးစီးဌာန၊ သက်ဆိုင်ရာအသင်းအဖွဲ့နှင့် ပူး‌ပေါင်း၍(၂၀.၃.၂၀၂၆)ရက်နေ့၊‌ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးနှင့်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား‌ဈေးကွက်‌စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
         ထိုသို့ကွင်းဆင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်အလို့ဌာ သိုလှောင်ထားမှုမရှိစေရေးနှင့်‌ ဈေးနှုန်းဈေးကွက်အခြေအနေများကိုပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန် ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

“ဇေယျာတိုး” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်‌‌ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၉) ရပ်ကွက်ရှိ “ဇေယျာတိုး” ဆန်စက်သို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် “ဇေယျာတိုး” ဆန်စက်အနေဖြင့်  ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ အလေးချိန် အချိန်အတွယ် ပြည့်ဝစွာဖြင့် ထုပ်ပိုးမှုအခြေအနေ၊ တံဆိပ်ရိုက်နှိပ်ထားရှိမှုအခြေအနေ၊ ဈေးကွက်အတွင်းတင်ပို့ရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေ၊ ဆန်စက်လည်ပတ်ရာမှ ထွက်ရှိလာသော အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ထုတ်ကုန်ထုတ်လုပ်ရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိုင်သပြုအုပ်စု  ဝက်ဆင်းအိုင်ကျေးရွာတွင်  ပြည်သူအသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၆) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် အိုင်သပြုအုပ်စု၊ ဝက်ဆင်းအိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ ပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေး

              အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီဖြန့်ဝေရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၉.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စားအုန်းဆီစာအုပ်ဖြင့်ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ အကြိမ်အရေအတွက် မှန်ကန်မှုရှိ/ မရှိနှင့် ကဇင်းကြီးအုပ်စုနှင့် မဲကုန်းအုပ်စုရှိ အိမ်ထောင်စုများအားလည်း ဆီစာအုပ်၊ ဆီရရှိမှု အခြေအနေအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကြံခင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဦးစားပေးကဏ္ဍအဖြစ် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို ဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ပြီး သတ်မှတ်ကာလအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၁၆.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းနှင့်(၁၇.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးအခြေအ‌နေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလို အပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှုအခြေအနေနှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

       ထို့အပြင် ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တာဝန်ခံများနှင့် တွေ့ဆုံ၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်းများ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကြို တင်အသိပေးချက်များ၊ အာမခံချက်များ ထားရှိရမည်ဖြစ်ပြီး၊ ကုန်စည်တန်ဆာပေးပို့ရာတွင် ပြေစာ၌ စည်းကမ်းချက်များ၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ ဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံဆောင်ရွက်စေရေးနှင့် စားသုံးသူများနစ်နာမှုမရှိစေရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News