HighLight News

Powered by Drupal

“ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း"

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၉၈/B)၊ အောင်ချမ်းသာအိမ်ရာရှိ ကွတ်ကီးနှင့် ကိတ်ခြောက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် မတ်လ(၂၀)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကိတ်ခြောက်နှင့် ကွတ်ကီးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စားသောက်ကုန်လုပ်ငန်းအား ၎င်းထုတ်ကုန်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း မဖြစ်မနေဖော်ပြရမည့် အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေး သားဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းပြုလုပ်ရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး၌ မတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျောင်းနေအရွယ် လူငယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သားကောင်း လူငယ်လူရွယ်လေးများ ဗဟုသုတပြည့်စုံပြီး အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိရမည်ဖြစ်ကြောင်း စသည့်စားသုံးသူကာကွယ်ရေး အသိပညာဗဟုသုတများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် မစန်းကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မတ်လ(၂၀)ရက်နေ့၊ ညနေ(၁၀:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မစန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာဟောပြောပွဲခဲ့ရာတွင် မစန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်သင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၉)အရ အတည်ပြုပြဌာန်းခဲ့ပြီး ၎င်းဥပဒေတွင်ပါဝင်သော စားသုံးသူအခွင့်အရေးများဖြစ်သော လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခွင့်၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်ခွင့်၊ စားသုံးသူရေးရာကိစ္စနှင့်ပတ်သတ်၍ သိရှိလေ့လာနိုင်ခွင့်၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရပိုင်ခွင့်၊ ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ကိုရရှိနိုင်ခွင့် စသည့်အချက်များအား ကျေးရွာနေပြည်သူများ သိရှိနိုင်ရန်နှင့် စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား မျှတမှုရှိသော သတ်မှတ်ဆောင်ရွက်ပေးသည့် ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့၏ လုပ်ငန်းစဉ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပန်းတနော် ဆန်စက်လုပ်ငန်းသို့ ဆန်၊ စပါး ဝယ်ယူနေမှု စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၇..၂၀၂) ရက်နေ့ နေ့လယ်  (၁၅း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာရှိ ဦးအေးထွန်း ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ  အေးထွန်း  (ထွန်းတောက်) ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊   ပန်းတနော်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများရှိပါက  ကုန်တင်ပိုလွှာနှင့်အတူ ဆန်စက်မှ ထွက်ရှိသောဆန်များကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးသို့ နေ့စဉ်ပေးပို့ရန် ထွက်ရှိမှုကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သို့ ပေးပို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ ဆန်စက်မှ လက်ရှိစပါးဝယ်ယူမှုအခြေအနေများကိုမေးမြန်းခြင်း  ဆန်စပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စက်တွင် လက်ရှိ ဧည့်မထ စပါး လက်ကျန် ၄၀၀၀ တင်းရှိပြီး ဆန်အိတ် ၇၀၀ အိတ်ရှိကြောင်းနှင့် နေစဉ် ၁၅တန်ကျ ကြိတ်ခွဲလည်ပတ်ကာ ဒေသတွင်းသို့ ရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး ရန်ကုန်သို့လည်း ဆန်/ဆန်ကွဲ အနည်းငယ် တင်ပိုလျက်ရှိကြောင်း သိရပြီး စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် myro တွင် ရထုတ်ကျန်စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် မဖြစ်မနေဖြည့်သွင်း ဆောင်ရွက်နိုင်ရန်ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်စက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၁..၂၀၂) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ကိုချစ်ဖွယ်၊ မကြည်ကြည်ဝင်း လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လုပ်ငန်းထုတ်လုပ်လည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လယ်ယာသုံးစက်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သော စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက်  တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။  ပြည်တွင်းမှလယ်ယာသုံး စက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြားလုပ်ငန်းရှင်များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို လည်းကောင်း၊ ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းအကြောင်းကိုလည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၁၇.၃.၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့ရှိ စက်သုံးဆီဆိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်း စသည့်အချက်များ၊ စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေး၊ အချိုးကျရောင်းချပေးမှု အခြေအနေများနှင့် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အသိပေး ထုတ်ပြန် ထားခြင်း ရှိပါကြောင်း မတ်လအတွင်း စုံ/မ ရက်ခွဲ၍ သတ်မှတ်စည်ကမ်းနှင့်အညီ ရောင်းချပေးနိုင်ရေး  မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ ပုံမှန်ရောင်းချပေးနိုင်ရေး ကိုဆွေးနွေးပြီး သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချရန်၊ လုပ်ငန်းလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် အတူ တင်ပြဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးပြီး  သတ်မှတ်ချက်နှင့် အညီ မရောင်းချပါက သက်ဆိုင်ရာဥပ‌ဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

           မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ခရေကန်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၂၀)ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ၁၆.၃.၂၀၂၆ ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        ဟောပြောရာတွင် ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်မှ ကျေးရွာနေပြည်သူများအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေး ဟောပြောခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူများ၏ အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာ နိုင်ရန်ရှင်းလင်းခြင်း၊  နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် တိုင်ကြားနိုင်သည့် နည်းလမ်းများထဲမှ    စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့်တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Complaint System 908&progo ဖြည့်စွက်တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm မှတဆင့် တိုင်ကြားနိုင်ကြောင်း၊ DOCA FaceBook Page Messanger မှလည်းကောင်း၊  Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တဲ့ 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည်ဖြစ်ဖြစ်၊ HOT Line No ကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူ ၂၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၉.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်  ကျုံမငေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးအောင်မိုးမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စက်သုံးဆီ၊ ချောဆီများသယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ်မြို့မဈေးတာဝန်ခံရုံး၌ (၂၀.၃.၂၀၂၆)ရက်နေ့ မွန့်တည့်(၁၂း၀၀)နာရီအချိန်တွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၁၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၉.၃.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ညွှန်ကြားချက်အမှတ်၁/၂၀၂၁ပါညွှန်ကြားချက်များအားအသေးစိတ်ရှင်းလင်းဟောပြောကြားခဲ့ပြီး၊   စားသုံးဆီ လုပ်ငန်းရှင်များမှသိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲသို့ လုပ်ငန်းရှင်် (၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News