HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်   ဇွန်လ (၁၂)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် ကော့မှူးမြိုု့နယ်၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချနေခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်မင်းနှင့်ဒုတိယဦးစီးမှူးဒေါ်နီလာဝင်း၊ စည်ပင်သာယာမြို့မဈေး တာဝန်ခံဦးအေးသွင်တို့ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်များ၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသောက်ကုန်ပစ္စည်းများဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန်စား သောက်ကုန်များ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပဲကြော်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်ပွဲကျင်းပ

            ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပဲကြော်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်က အသင်းဖွဲ့စည်းခြင်းအားဖြင့် ပဲကြော်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါကလည်း အသင်းအဖွဲ့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များလည်း ပဲကြော်အသင်းများ ဆက်လက်ဖွဲ့စည်းမှာဖြစ်ပြီး၊ ခရိုင်အသင်းများအချင်းချင်း အပြန်အလှန်သတင်းဖလှယ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုလုပ်နိုင်မှာဖြစ်သဖြင့် လုပ်ငန်းရှင်များမှာ တစ်ဦးတည်းလုပ်ကိုင်ဆောင် ရွက်မည့်အစား အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်ပါကြောင်းနှင့် အသင်းအတွက် ကောင်းမွန်တဲ့အကြံဉာဏ်များ ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တာဝန်ခံမှလည်း အသင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့်ပတ်သက်ပြီးရှင်လင်းပြောကြားခဲ့ပါကြောင်း၊ အသင်းအား မဂဏန်းဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ရာ အသင်းကို ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အမှုဆောင် စုစုပေါင်း  အသင်းသား ( ၁၉ )ဦးတို့ ဖြင့် ဖွဲ့စည်း၍ ခရိုင်ပဲကြော်အသင်းဖွဲ့စည်းခြင်းအခမ်းအနားအား နေ့လယ် ( ၁၄း၃၀ ) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့မဈေးရှိ စားသောက်ကုန်နှင့်အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ  ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်(၁၀) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ စစ်ဆေးရာတွင်  ရောင်းချလျက်ရှိသော လက်ဖက်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကြက်အူချောင်း၊ ဝက်အူချောင်း စားသောက်ကုန်များတွင် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်း ရှိ/မရှိ နမူနာကောက်ယူပြီး စစ်ဆေးခဲ့ရာ အဆိုပါ စားသောက်ကုန်ပစ္စည်းများသည် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူမျာက ကုန်အညွှန်းအမှတ်အသား၊ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ရွေးချယ်ဝယ်ယူရောင်းချရန်၊ ဓါတုဆိုးဆေးလွန်ကဲစွာ အသုံးပြု ထားသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော အရည်အသွေးနိမ့်ကုန်စ္စည်းများ ဝယ်ယူရောင်းချခြင်းမပြုရေး သတိထားဆောင်ရွက်ကြရန်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဆေးလိပ်အတုများရောင်းချမှုရှိ/ မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စသည့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးမှုကို စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူ မြို့နယ်အတွင်းရှိ  ကုန်စုံဆိုင်များနှင့် ဆေးလိပ်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း၊  စစ်ဆေးရာတွင် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်းပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိ၊ အသက်အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိနှင့် ဆေးလိပ်အတုများရောင်းချခြင်းရှိ/ မရှိတို့ကို အဓိကထားစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဆေးလိပ်အတုထုတ်ကုန်ပစ္စည်းများနှင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြုမှုကို တွေ့ရှိရပါက လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ကွင်းဆင်းကြီးကြပ်

         စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းအချိန်တွင် ကန့်ဘလူမြို့နယ်ဆီ ကိုယ်စားလှယ်မှ အမှတ်()ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် %အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် ()ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ (၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ နေ့စဉ်နှင့်အမျှ ဝယ်ယူစားသုံးလျှက်ရှိသည့် အမှတ် တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုးအစား အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ  မြန်မာဘာသာဖြင့် ဖော်ပြပါရှိရမည့် စားသုံးဆီ၏ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန်ရည်ရွယ်၍ ဟင်းသီးဟင်းရွက် ဆီ (Vegetable Oil, Cooking Oil)များအား ထုတ်လုပ်သူ၊ ပြန်လည်ဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြည့်အဝ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်သွားစေရန် ရည်ရွယ်ပြီး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင်ဆရာဝန်ညွှန်ကြားချက်မရှိသော အိမ်သုံးဆေးဝါးသောက်ဆေး အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိကို ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ ဈေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး ကြီးအတွင်း/ အပြင်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရဌာနများမှ သတ်မှတ်ထားသော အထောက်အထားမှတ် ပုံတင်အမှတ်၊ ခွင့်ပြုချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ Aeon Orange Supermarket ဆိုင်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိအား ဇွန်လ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် Aeon Orange Supermarket မှ ဆိုင်မန်နေဂျာနှင့် တွေ့ဆုံ၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်သည် စားသုံးသူပြည်သူများ အလွယ် တကူဝယ်ယူစားသုံးသည့် အစားအစာဖြစ်သည့်အတွက် ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် စာလုံးအရွယ်အစားဖြင့် ရေးသားဖော်ပြပေးကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး Aeon Orange Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပခြင်း

          (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)သည် သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး )က  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာအစိုးရဌာများက ဖော်ပြရန်သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး၍  အသိပညာ ပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေမှုအား အဖွဲ့စုံဖြင့် အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)တို့သည်  သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍  (၁၀.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များသို့သွားရောက်၍ စားအုန်းဆီရောင်းချမှုအခြေအနေများကို အပတ်စဉ်ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးသိန်းထွန်း (ဌာနခွဲစာရေး)က စားအုန်းဆီလက်လီရောင်း ချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင်ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး  ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို စားသုံးသူရေးရာဦးစီးဌာနမှ  အပတ်စဉ်ထုတ် ပြန်ပေးလျက်ရှိသည့် အတွက်လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားအုန်းဆီ‌နှင့်ပတ်သက်ပြီး မိမိရရှိသောခွဲတမ်းများကို စားအုပ်စနစ်ဖြင့် ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာ ချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News