HighLight News

Powered by Drupal

သပြေတန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ သပြေတန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များကိုပြဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကော်မရှင်၊ ကောမတီ တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ပြဌာန်းထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးရန်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ပေးမှုများလုပ်ဆောင်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့်သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်စသည့်ရည်မှန်းချက်၊ မျှော်မှန်းချက်များ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဉပဒေကို ပြဌာန်းဆောင်ရွက်လျှက်ရှိကြောင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မည်သူမဆိုမေးမြန်းနိုင်ပါကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အ ထားနှင့်အတူ တိုင်ကြားနိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား (၂၀၀)ခန့်တက်ရောက်ခဲ့ပြီး ဟောပြောပွဲအား (၈.၆.၂၀၂၆) နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စတင်ခဲ့ပြီး (၁၃:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် မီးသတ်တပ်ရင်း၊ တပ်ဖွဲ့များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

       ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီးသတ်တပ်ရင်း၊ တပ်ဖွဲ့ရှိ မီးသတ်သင်တန်းသားများအား (၉.၆.၂၀၂၆)နေ့ (၀၉:၃၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ (၆)လမ်း မီးသတ်ဦးစီးဌာန၌ ပြုလုပ်ရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ တားမြစ်ချက်များ ကုန်စည်(သို့)ဝန်ဆောင်မှု ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များကို အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူအသုံးပြုကြရန် ဟောပြောခဲ့ကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲသို့ သင်တန်းသားများ (၃၅)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအား (၁၀:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ အောင်မြင့်မိုရ်ဆန်စက်သို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် (၉)ရပ်ကွက်ရှိ ဦးလင်းလင်းဇော်ပိုင် အောင်မြင့်မိုရ်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ အချိန်အတွယ်စနစ်တကျမှန်ကန်စေရေး၊ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များအရည်အသွေးပြည့်မီစေရေး၊ ထုတ်ပိုးမှုစနစ်များ လုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် MyRoမှတ်ပုံတင်ထားသည့် ဆန်စက်များ၏ စပါး/ဆန် လက်ကျန်စာရင်းများ ကောက်ယူခြင်းနှင့် သက်တမ်းများပြည့်ပါက သက်တမ်းများတိုးပေးကြရန်နှင့် MSMEလုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးတို့အတွက် နည်းစနစ်သစ်များ တပ်ဆင်ထားနိုင်ရေး ဆန်စက်များလည်း ပုံမှန်လည်ပတ်ကြိတ်ခွဲနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ဇေယျာတိုးဆန်စက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ (၉)ရပ်ကွက်ရှိ ဦးသိန်းမြင့်ပိုင် ဇေယျာတိုးဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၆ခုနှစ်၊ ဇွန်လ(၈)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရပါသည်။

       ကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါးအရည်အသွေးပြည့်မီရေး၊ အချိန်အတွယ်များ ပြည့်မီမှန်ကန်စေရေး ဆန်/စပါး ဈေးနှုန်းဈေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်း၊ ဈေးကွက်တည်ငြိမ်မှု ရှိ/မရှိနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEလုပ်ငန်းများနှင့် ပတ်သက်၍လည်း ခေတ်မီစက်ကိရိယာများ နည်းစနစ်များ ခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ်အရ ကျယ်ပြန်လာနိုင်သလို ကုန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ်နိုင်ပါက အလုပ်သမားဝန်ထမ်းမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်စေနိုင်ကြောင်း ဆန်စက်မှ ကြိတ်ခွဲထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများလည်း စနစ်တကျ စွန့်ပစ်ထားရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကလေးအဟာရ ဖြည့်စွပ်စာနှင့် ကလေးအားဖြည့်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ၊ မအူပင်ဒုခရိုင်ဦးစီးမှူး  ဦးအောင်ဇော်ဦးသည် (၉.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် လင်းတာရာစတိုး၊ မြတ်မဟာစတိုး၊ မြင့်မိုရ်စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေးအားဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စာ်ပင်သာယာရေးအဖွဲ့တို့ပါဝင်ပြီး စားသုံးသူ‌ရေးရာဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ရာ ကလေးအာဟာရဖြည့်စွက်စာ (ဥပမာ- Gold Power, Pedia Sure, Durpro) နှင့် ကလေးအားဖြည့်ဆေး အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပါဝင်ခြင်း ရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့် (OMFFIYC) နှင့် ကိုက်ညီမှု ရှိ/မရှိ၊ မအူပင်မြို့နယ်အတွင်းရောင်းချသော ကုန်စည်များသည် ဌာနဆိုင်ရာအသီးသီးမှ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားဝင်ကုန်စည်များကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ဆိုင်ပိုင်ရှင်များအား ကုန်စည်နှင့် ပတ်သက်၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့နယ်တွင်း ပုဂ္ဂလိကဆေးခန်းများအား ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ညောင်တုန်းမြို့နယ်အတွင်း ပုဂ္ဂလိကဆေးခန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရေး ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိပုဂ္ဂလိက အထူးကုဆေးရုံနှင့် ဆေးခန်းများသို့ ကွင်းဆင်း၍ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူအားဝန်ဆောင်မှုပေးရာတွင် ထင်ယောင်ထင်မှားမဖြစ်စေရေး၊ ဆေးဝါးများအား သတ်မှတ်အပူချိန်တွင် ထားရှိစေရေး၊ ထိန်းချုပ်ဆေးဝါး ထားရှိသော ပုဂ္ဂလိကအထူးကု ဆေးရုံများတွင် သတ်မှတ်အအေးခန်းတွင် သီးခြားထားရှိ၍ နေ့စဉ်မှတ်တမ်းထားရှိစေခြင်း၊ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင်မှတ်တမ်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ အခန်းအပူချိန်တိုင်း ကိရိယာများထားရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲလျက်ရှိသော ဆေးဝါးများအား မှတ်တမ်းထားရှိ၍ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများအား အမြဲတစေ စစ်ဆေးသုံးစွဲစေခြင်း၊ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက် အမှတ်ပါရှိသော ဆေးဝါးများသာ သုံးစွဲစေရန်၊ ဆေးရုံဆေးခန်းအတွင်းအပြင် နေရာစုံ၌ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁)ပုဒ်မ(ဇ)ပါ ထင်ယောင်ထင်မှားဖြစ်စေသည့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျည်းသည့် သဘာဝအရည် အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ စားသုံးသူကိုလွဲမှား ယူဆမှုဖြစ်စေသော အပြုအမူအပြောအဆိုများ မပြုလုပ်ရန်၊ ရရှိနိုင်သော ဝန်ဆောင်မှုဆိုင်ရာများအား စားသုံးသူများကို တိကျသေချာရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ကြရန်၊ မိမိတို့ကြော်ငြာထားသည်နှင့် ကိုက်ညီသောဝန်ဆောင်မှုများ ပေးဆောင်ရန် စသည်တို့ကို စစ်ဆေးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပေစိ အ.ထ.က ကျောင်း၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပေစိကျေးရွာအုပ်စု၊ ပေစိ အ.ထ.က ကျောင်း၌ ၉.၆.၂၀၂၆ရက်​နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကျေးလက်နေပြည်သူ ၁၂၀ဦးအား မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်တို့နှင့် ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများနှင့် နစ်နာမှုအတွက် တိုင်ကြားနိုင်သောနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

       အဆိုပါ အသိပညာပေးဟောပြောမှုတွင် ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူပြည်သူများ၏ စားသုံးသူအခွင့်အရေး (၈) ချက်ဖြစ်သည့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များအား သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုများအား ကုစားခွင့်နှင့် နစ်နာဆုံးရှုံးမှုများအား တိုင်ကြားခွင့်ရှိခြင်း၊ လိုအပ်သော သတင်းအချက်အလက်များအား သိရှိလေ့လာ နိုင်ခွင့်ရှိခြင်းနှင့် ကောင်းမွန်သာယာသည့် လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တို့တွင် နေထိုင်ခွင့်ရရှိခြင်းစသည်တို့ကို အကျယ်တဝင့် ဟောပြောခဲ့ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေး တစ်စုံတစ်ရာ နစ်နာဆုံးရှုံးမှုကြုံတွေ့လာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းဆောင်ရွက်ရေးစင်တာ (CICC) ၏ Hot Line ဖုန်းနံပါတ်ဖြစ်သည့် ၁၅၃၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် CICC စင်တာပေါင်း ၅၄ ခုဖွင့်လှစ်ထားရှိပြီဖြစ်ပြီး မအူပင်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (သို့) CICC တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် Agrastarဆန်စက်သို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ Agrastar ဆန်စက်သို့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်း၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို လေ့လာမေးမြန်းခဲ့ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးမြှင့်ရရှိစေရေးနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ MSME လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြော

         ၂၀၂၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့၊ နံနက်( ၁၀:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၄၂) ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
       အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်နှင့်လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများရောင်းချရာတွင် မှန်ကန်တိကျသော အချက်အလက်များဖော်ပြပေးရန်လိုအပ်ချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
       ထို့ပြင် ဆီလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ငန်းဆောင်ရွက်ကြရန်၊ စားသုံးသူများ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ငန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို  ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့များသည် ညောင်တုန်းမြို့နယ်ရှိ မုန့်အရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ၈.၆.၂၀၂၆ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

     အသင့်စားမုန့်များကို ညောင်တုန်းမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင်မှ စစ်ဆေးရာ ထုတ်ကုန်များ လုံးခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်များထုတ်လုပ်ရာတွင် ထုတ်လုပ်သူ လုပ်ငန်းရှင်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကိုလည်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုရောင်းချရန် အသိပညာပေးခဲ့ပြီးဖြစ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်များတွင်  ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉) နှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခဲ့ပြီး ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ကိုက်ညီချက်မရှိသော ကုန်စည်များကိုရောင်းချခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုမှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News