HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်ခန်းမတွင် ဆန်ကုန်သည်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (..၂၀၂၅) ရက်နေ့ နံနက် (၁၁း၃၀) နာရီအချိန်တွင် ဆန်ကုန်သည်(၁၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးအသိပညာပေးပွဲတွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြို့နယ်မီးသပ်ဦးစီးဌာနနှင့် ကုန်စည်ဒိုင်အသင်သားများပါဝင်ပြီး ဆွေးနွေးခဲ့ကြပါသည်။

       ဆက်လက်၍ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန် သက်မှတ်ချက်များအကြောင်း၊ ဦးစီးဌာန၏ မူဝါဒများအကြောင်း၊ ဌာန၏ ရည်မှန်းချက်များ အကြောင်းနှင့် မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်ချက်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှု ရှိလာပါကအရေးဆို တိုင်ကြား နိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်း တိုင်ကြား နိုင်ပြီဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလို သည်များကို မည်သူမဆို Call Center 1535  မေးမြန်းနိုင်ပါကြောင်း ဆန်စက်လုပ်ငန်းရှင်များအာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ (ကြာသပတေးနေ့)

            တရုတ်နိုင်ငံသို့ဆန်တင်ပို့ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် အစည်းအဝေးခန်းမ၌ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီ တွင် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol ကို ၂၀၁၄ ခုနှစ်က စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဆန်အပါအဝင် ဆန်ကွဲပါတရားဝင်တင်ပို့နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ SPS Protocol အရ တရုတ်နိုင်ငံသို့ မှတ်ပုံတင်ခွင့် ရရှိထားသည့် ကုမ္ပဏီ အရေ အတွက် မှာ ၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၂၃ ခုရှိပြီး ၂၀၁၄ ခုနှစ် မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ထိ စုစုပေါင်း ကုမ္ပဏီ ၁၄၀ ခု အထိ ရှိလာပြီဖြစ်ပါကြောင်းယခု ၂၀၂၅ ခုနှစ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန် နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး အဆိုပြုလျှောက် ထားလာသော ကုမ္ပဏီ အသစ် ၄၇ ခု ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် အဆိုပြုကုမ္ပဏီ ၄၇ ခုအနက် ကုမ္ပဏီ ၄၁ ခုမှ ဆန်စက် စုစုပေါင်း ၄၁ စက်နှင့် Transit သိုလှောင်ရုံ လုံး စစ်ဆေးခဲ့ပြီး ကျန်ကုမ္ပဏီ ၆ ခုသည် စစ်ဆေးမှု ခံယူနိုင်ခြင်း မရှိဟု သိရှိရပါကြောင်း၊ တရုတ်နိုင်ငံ GACC တွင် မှတ်ပုံတင်ခွင့်ရရှိသည့် ဆန်စက်များအနေနဲ့ SPS Protocol ပါ သတ်မှတ်ချက်များကို စစ်ဆေးရေးအဖွဲ့လာရောက်မှသာ ပြင်ဆင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အစဉ်အမြဲလိုက်ပါဆောင်ရွက်နိုင်မှသာ ပြည်ပဈေး ကွက်တည်မြဲနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆန်စက်များ နှင့် သိုလှောင်ရုံများအား စစ်ဆေးပြီးစီးမှုအပေါ် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့က စိစစ်ရွေးချယ်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစာများကို အဖွဲ့ဝင်များက အတည်ပြုဆွေးနွေးခဲ့ကြပါသည်။

            အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

ပန်းတနော်မြို့ ရွာသစ် အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနောမြို့နယ်ရှိ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ..၂၀၂၅ နေ့  (၁၂း၀၀) နာရီချိန်အထိ မိတ်ဖက်ဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ပန်းတနော်ရွာမ (အ.မ.က) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၆၉)အား စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားပြီး ပူးပေါင်းပါဝင်သော တိုင်းရင်းဆေးပညာဦးစီးဌာနကလည်း ၎င်းဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် အသိပညာပေးလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဟောပြောဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အရေးကြီးပုံ၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူတက်စေရန်နှင့် နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်စားသုံးသူကာကွယ်ရေး ဥပဒေကို လေးစားလိုက်နာပါက ဘေးကင်းသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပြီး ဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကလေးအသုံးအဆောင် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် (၂၃--၂၀၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ကလေးအသုံးအဆောင်ရောင်းချသောစတိုးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စတိုးဆိုင်ပိုင်ရှင်များအား  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း မဖြစ်မနေထည့်သွင်းဖော်ပြရ မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကလေးအသုံးအဆောင် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သော ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့်  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းကို(၂၃--၂၀၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲတို့သည် မအူပင်ကမ်းနားလမ်းမပေါ်ရှိ  ကလေးအသုံးဆောင်ပစ္စည်းနှင့် စတိုးဆိုင်(၅) ဆိုင်အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဖြစ်သော ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးကြရာ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးကို အဓိကထား စစ်ဆေးခဲ့ပြီး   စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများကို လုပ်ငန်းရှင်များကိုရှင်းလင်းဆွေးနွေးပြီး၊ ကလေးတစ်ကိုယ်ရေသုံးပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကြိုးနှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်၊ ၎င်းအချက်များ မပါဝင်သော ကုန်စည်များကို ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          (၂၃..၂၀၂) နေ့ (၁၁း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်နှင့် ပန်းတနော်-ပုသိမ်ကားလမ်းဘေးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း ၍  စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေး များအတိုင်းရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိ စေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီ ဘောက်ဆာကာများ ကြန်ကြာမှုမရှိစေရေး အချိန်မီရောက်ရှိစေရေးအတွက် မိမိတို့ဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များအလေး၊ အချိန်အတွယ်ပြည်ဝစွာရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင်များသိရှိ လိုသည်များကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စက်ဆီ/ ချောဆီ များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃..၂၀၂) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ ချောဆီရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ ချောဆီရောင်းချနေသော မြတ်ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်၊ ထိုက် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၊ ကိုသူရ စက်ဆီ/ ချောဆီ အရောင်း ဆိုင်(၃)ဆိုင်မှ ရောင်းချနေသော ကုန်စည်များတွင် PPRTမှ ခွင့်ပြုထားခြင်းရှိ/ မရှိ၊ တရားဝင်တင် သွင်းထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ဆိုင်ရှင်များကိုလည်း ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်းများနှင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်း မျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များ၊ စစ်ဆေးရေးအရာရှိတို့၏ လုပ်ငန်းတာဝန် များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံး၌ (၂၃..၂၀၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဓါတ်မြေဩဇာအရောင်းဆိုင်များမှ မြေဩဇာများအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကိုစစ်ဆေးခြင်း၊ စိုက်ပျိုးရေးတောင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဂျိုဝါထလွန်ကျေးရွာရှိစားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန်အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ဂျိုဝါထလွန်ကျေးရွာရှိ အိမ်ထောင်စု(၇၈၃)အား ဆီစာအုပ် (၇၈၃)အုပ်အား ဖြန့်ဝေပေးပြီ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ငွေဆင်ကြီး”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ( ၁၇ )ရက်နေ့၊ နေ့လယ်(၁၃: ၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့မဈေးကြီးအတွင်းရှိ  “ငွေဆင်ကြီး” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News