HighLight News

Powered by Drupal

စားသုံးသူရေးရာကော်မတီ(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တွင် ကျင်းပ

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တွင် စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

           မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ အစည်းအဝေးတွင် ဦးစွာ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယသုံးလပတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။ တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅)ချက်အား အတည်ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ကျင်းပခဲ့သော ဟင်္သာတခရိုင် စားသုံးသူရေးရာ ကော်မတီအစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့်တတိယသုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက်ဆွေးနွေးကြပြီး၊ ခရိုင်ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းမှ ဆေးလိပ် နှင့် vape သုံးစွဲမှုအကြောင်း၊ အိမ်သုံးဆေးဝါး၊ ဆေးပစ္စည်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနဆိုင်များနှင့်ကွင်းဆင်းစစ်ဆေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ရှိ/ မရှိ  မေးမြန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ ဈေးကွက်စောင့်ကြည့်ခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊ အသိပညာပေးဆောင်ရွက်မှုများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေး ဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် စားသုံးသူရေးရာ ကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅) ချက်အား အတည် ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နေ့လယ်( ၁၂ : ၀၀) နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

             ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျီးနှစ်ပင်”ကျေးရွာအုပ်စုရှိ စားအုန်းဆီ ကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျီးနှစ်ပင်” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက်   ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ကျီးနှစ်ပင်*”ကျေးရွာအုပ်စုရှိကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် ပြည်သူများဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲနိုင်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်း ကွင်းဆင်း

            ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်း ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့ (၈)ရပ်ကွက်(၁၃)လမ်းရှိ “ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်းတွင် ဈေးနှုန်းဈေးကွက်အခြေအနေ၊ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် စနစ်တကျစွန့်ပစ်စေရေး၊ လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊  မိမိတို့ ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်များသို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “ဣစ္တိတံ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် MSMEလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ ဆန်စပါးအရည်အသွေး ထုတ်လုပ်မှု ပြည့်မိစေရေး၊ အချိန်အတွယ်နှင့်ပတ်သက်၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း ပြည့်မီစေရေး၊ ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကို အခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှု အခြေအနေများနှင့်  ဆန်စက် လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ်မြေပြင် သိုလှောင်မှုအခြေအနေမှန် စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ဗိုလ်ဗထူးလမ်း (၁) ရပ်ကွက်ရှိ “မိုး” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

        ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဗိုလ်ဗထူးလမ်း (၁) ရပ်ကွက်ရှိ “မိုး” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံကဈေးကွက်မရောက်မီ “မိုး” သုံးထောင့် မုန့်လုပ်ငန်းမှ ထုတ်လုပ်နေမှု နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သားအင်အားအသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေများကိုစိစစ်ခဲ့ပါသည်။ သုံးထောင့်မုန့်ပြုလုပ်ရာတွင် ပါဝင်သည့်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ရေသန့်၊ ကြက်ဥ၊ ဆား၊ ထောပတ်တို့ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူး(၂၅၀) ခန့်ထုတ်လုပ်ပါသည်။ တစ်ဘူးလျှင် မုန့်(၅)ခုပါဝင်ပြီး( ၃၀၀၀ ) ကျပ်ဖြင့်ဖျာပုံ၊ ဘိုကလေး၊ မော်ကျွန်း၊ စက်စုနှင့် ဒေသအတွင်းရှိ ကျေးရွာများသို့ပါ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လုပ်သား(၄)ဦးရှိပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ပါကင်ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်တံဆိပ် ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်နေမှုများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ “ ပတ္တမြား” ဆန်စက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊  အမှတ်(၂) ရပ်ကွက်ရှိ “ ပတ္တမြား” ဆန်စက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ ဆန်စပါးလက်ကျန်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို ဆန်စက်ပိုင်ရှင် ဦးသန်း‌‌ဌေးလွင်နှင့် ဆွေးနွေးခဲ့ကြပြီး လက်ရှိကြိတ်ခွဲနေသော စက်စွမ်းအားနှင့် အပတ်စဉ် ပုံမှန်လည်ပတ်မှုရှိ/ မရှိနှင့် တစ်နေ့ ကြိတ်ခွဲနှုန်း တို့ကိုမေးမြန်းခဲ့ရာ စပါးလက်ကျန် (၃၀၀၀၀)၊ ဆန်လက်ကျန်(၁၅၀)၊ တစ်နေ့ (၂၄) နာရီ ကြိတ်ခွဲနှုန်းမှာ ဆန်တန်(၃၀) နှုန်းရှိပြီး တစ်နေ့လျှင် (၈) နာရီခန့်သာလည်ပတ်သဖြင့် ဆန်(၁၂)တန် ခန့်သာ ကြိတ်ခွဲနိုင်ပြီး လုပ်သားအင်အား (၁၈) ဦးဖြင့် ပုံမှန်လည်ပတ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် ကုန်စုံဆိုင် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

     ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၃၀) ဦးအား စားသုံးသူရေးရာဦးစီးဌာနရုံး၌ အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်‌ တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်  တာဝန်များ၊ ဝန်ဆောင်မှုနှင့် ပက်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှု၊ ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ် တာဝန်ခံမှု၊ပြစ်မှု၊ပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပက်သက်၍ သိလိုသည်များကို မည်သူမဆိုမေးမြန်းနိုင်ပါကြောင်း၊ ကုန်မျိုးစုံလုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲကို နေ့လယ်(၁၅:၃၀) တွင် အခမ်းအနားပြီးစီးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ(ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန် ဖော်ပြထားခြင်းရှိ/ မရှိ Goody၊ Mazin၊ အမေထွား၊ ရန်ကုန်ပဲဆီသန့် စသော (ဘူးဆီ)များအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

  ထိုသို့ဟောပြောရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် အစားအသောက်များကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ဟောပြောခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်၊ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြထားသောအခြေအနေ၊ အာမခံချက်၊ ထူးခြားချက် အကျိုးသက်ရောက်မှု့၊ အသားတင်အလေးချိန်၊ အရည်အသွေးအဆင့်အတန်း စသည်တို့ပါဝင်ရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိဆောင်ရွက်နေသော စားသုံးသူရေးရာ ကိစ္စရပ်များနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News