HighLight News

Powered by Drupal

ဘေဘီဂျီနယပ် ကလေးအဝတ်အထည်ပင်ရင်း Online Shop အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ ရှိကို (၁၈.၁၁.၂၀၂၅) ရက်နေ့ ၊နံနက်(၁၂း၀၀)နာရီအချိန်တွင်  ဗိုလ်မိုးကြိုးလမ်း၊ (၉)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ “ဘေဘီဂျီနယပ်ကလေးအဝတ်အထည်ပင်ရင်း” Online Shop  မှ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေး ခြင်းနှင့်အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Local H Clothing Online sale အား မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ) နှင့်ဝန်ထမ်းများသည်(၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် Local H Clothing Online sale မှ ရောင်းချသည့် အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ မင်းရဲကျော်စွာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ် ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/လက်ကား ရောင်းချနေသည့် ကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးဆီခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်များအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူး ဦးမောင်မောင်ထွေး၊ ကုမ္ပဏီကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ခွဲတမ်းရရှိသည့် စားသုံးဆီများကို စားသုံးသူပြည်သူများအား အိမ်ထောင်စုအလိုက် ဖြန့်ဖြူးရောင်းချပေးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာဖြင့် မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရောင်းချပေးနိုင်ရေးအတွက် နိုဝင်ဘာ လ(၁၇)ရက် နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးအခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက တက်ရောက်လာသည့် စားသုံးဆီခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ် (၄၆)ဦးအား စားသုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ ခွဲတမ်းရရှိသည့် အိမ်ထောင်စုစာရင်းအလိုက် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာဖြင့် ရောင်းချပေးရန် လိုအပ်ကြောင်း အပတ်စဉ် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေငြာလျက်ရှိသည့် အခြေခံ လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအရောက် အမြတ်(၂%)ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ခွဲတမ်း အပြည့်အဝရောင်းချမှုမရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ အပါအဝင် မသမာသည့် လုပ်ဆောင်မှုမရှိစေရန် မိမိဌာနအနေဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာန၊ အဖွဲ့အစည်းများဖြင့် ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မိမိတို့ တောင်ပိုင်းခရိုင်လက်အောက်ရှိ မြို့နယ်များအနေဖြင့် မသမာသည့် နည်းလမ်းများဖြင့် စားအုန်းဆီများအား ရောင်းချခြင်းမပြုလုပ်ကြရန် သတိဝိရိယဖြင့် အထူးဂရုစိုက်၍ ရောင်းချပေးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဧက တင်း(၁၀၀)ကျော် အထွက်နှုန်းရရှိနိုင်ရေး ရည်မှန်းချက်နှင့်အညီ မိုးစပါးမျိုးသန့်၊ မျိုးစေ့ထုတ် စံပြကွက်၏ မိုးစပါးစံကွက်ရိတ်သိမ်းမှု အခမ်းအနားကို နိုဝင်ဘာလ(၁၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဦးမြင့်နိုင်၏ လယ်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် အောင်နိုင်တိုးမျိုးစပါးစိုက်ကွက်အား (၀.၁၀)ဧက စံကွက်ဖြင့် ရိတ်သိမ်းခဲ့ရာတွင် (၁)ဧကပျှမ်းမျှ အထွက်နှုန်းမှာ အစိုအထွက်နှုန်း (၁၀၉.၅၂)တင်း၊ အခြောက်အထွက်နှုန်း (၁၀၂.၂၇)တင်းထွက်ရှိခဲ့ပါကြောင်း အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်လျက်၊ တောင်ချောင်၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်းအား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာ ဓမ္မာရုံ၌ ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရွာတန်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်များ၊ စားသုံးသူဆိုသော စီးပွားရေးလုပ်ငန်းရှင်ဆိုသော အဓိပ္ပါယ်ဖော်ပြချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာသားဖြင့် ရေးသား ဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားပါရှိသော ကုန်စည်များ၊ စားသောက်ကုန် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူတင်ပြလျက်ရှိရာ  နိုဝင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ကြောင်း သိရှိရသည်။ 

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကိုမျိုးသွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ အောင် မိသားစု ဆန်ရောင်းဝယ်ရေးတို့မှ ကြားပျံ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တောင်ပျံ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်၊ ဧည့်မထ (ရက်၉၀) တစ်အိတ်လျှင်(၇၉၀၀၀)ကျပ်၊ ငစိန်(ထွန်းပု) တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ခွန်နီ (မီဒုံ) တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ မြို့မဈေးသားငါးတန်းမှ ဒေါ်အေးအေးမော်၊ ဒေါ်အိအိမိုး ငါးရောင်းဝယ်ရေးဆိုင်များမှ ငါးကြင်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ ငါးဒန်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ ပင်လယ်ငါး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ယခင်တစ်ပတ်ဈေးနှုန်းနှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ဈေးနှုန်းများစွာ ကွာခြားမှုမရှိကြောင်း တွေ့ရှိရသည်။ ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ရောင်းချသောဆန်များ ဆန်အဟောင်းများဖြစ်ပြီး (၂၀၂၅-၂၀၂၆)မိုးစပါးဖြစ်ကြောင်းသိရှိရပြီး ဈေးကွက်အတွင်း ရောင်းချသော ငါးကြင်း၊ ငါးမြစ်ချင်း၊ ပင်လယ်ငါးတို့တွင် တွံတေးမြို့နယ် ငါးကန်များမှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ငါးသလောက်ကို ဧရာဝတီတိုင်း ဒေးဒရဲမှ ဖမ်းယူရရှိသောငါးများကို ရောင်းချခြင်းဖြစ်ပြီး ငါးခူ၊ ငါးရံ့ ငါးများမှာ ဒေသအတွင်း မြစ်၊ ချောင်းများမှ ဖမ်းယူရရှိသော ငါးများကို ရောင်းချကြကြောင်း ရောင်းချသူများ၏ ဖြေကြားချက်များအရ သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဈေးနှုန်းများ ကြီးမြှင့်မှုမရှိစေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ဈေးပြင်ပဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ပြည့်ဝဆန်ဆိုင်၊ ကရင်ကန်ဆန်ဆိုင်နှင့် ဈေးပြင်ပရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက်ရောင်းချသော ဈေးနှုန်းများအား ကောက်ခံခဲ့ပြီး အဆိုပါ ဆန်ဆိုင်များတွင် ဧရာဝတီပေါ်ဆန်းဆန်နှင့် ရွှေဘိုပေါ်ဆန်းဆန်များ ရောင်းချမှုမရှိဘဲ ကျောက်တန်းဒေသထွက် ကြားပျံဆန်၊ ခရမ်းဒေသထွက် ဆင်းသုခဆန်နှင့် ရွှေမန်းဆန် အမျိုးအစားများသာ ရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အရှေ့ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ အရှေ့ဒဂုံမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော(၇)ရပ်ကွက်၊ တပင်ရွှေထီလမ်း၊ အရှေ့ဒဂုံမြို့နယ်ရှိ “ပြည့်ဝ”ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ရွှေဝါထွန်၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဖျားပုံကြားပျံ၊ ဆန်များကိုဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါပုံမြို့နယ် မြို့သစ်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် အတူ ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်းနှင့် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချထားကြောင်း  ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

Petro APM စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဧရာဝဏ်လမ်း၊ စက်မှုလက်မှုရပ်ကွက်၊ သာကေတမြို့နယ် Petro APM စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေ များ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News