HighLight News

Powered by Drupal

MyROမှတ်ပုံတင်ထားသောလုပ်ငန်းများအား သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

        ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၁  ရက်နေ့ တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍  သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို စာရင်းရေးသွင်းခြင်းလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်ကို သိုလှောင်ရုံ လုပ်ငန်းရှင် ၇ ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်သည် သို‌လှောင်လုပ်ငန်းရှင်များကို စပါး/ ဆန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စပါးတင်း ၅၀၀၊ ဆန် အိတ် ၅၀၀ အစရှိသ‌သောလုပ်ငန်းများပါ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်ရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းရှင်များကလည်း သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို စာရင်းရေးသွင်းခြင်းလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်ကိုလည်းကောင်း၊ စပါး/ဆန် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုတော့ပါက လုပ်ငန်းရပ်ဆိုင်းကြောင်းကို မိမိတို့ဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ် ဆေးဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာ ထောက်ခံချက်များယူ၍ လုပ်ငန်းရပ်နားကြောင်း စစ်ဆေးဆောင်ရွက်ပြီး အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း၊ သက်တမ်းတိုး ပြည်မီသူ လုပ်ငန်းရှင်များကလည်း ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းများကို လုပ်ဆောင်ကြရန် ဆွေးနွေးပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် MyRo Software အသုံးပြုခြင်း သင်တန်းကို မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ညောင်တုန်းမြို့နယ်အတွင်းရှိ MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ တက်ရောက်နိုင်ရေး MyRo ဝက်ဆိုဒ်သို့ ဝင်ရောက်၍ လစဉ်ကုန်ရ၊ ကုန်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရာတွင် လုပ်ငန်းရှင်များ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အသိပေးပြောကြားဖိတ်ကြားခဲ့ပြီး ဆန်စပါး သိုလှောင်ရာတွင်  ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါး မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိစေရန် ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/ လတိုင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရမည်ဖြစ်ကြောင်းတို့ကို အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး talk show

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ဓနုဖြူမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

          အသိပညာပေး ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း စားသုံးသူများဘက်မှလည်း သိရှိထားသင့်သည့် အချက်အလက်များစွာရှိပြီး ယင်းတို့ကိုလည်း သိရှိနားလည်သဘောပေါက်ထားမှသာ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တန်ဖိုးနှင့် အညီ ပေးချေခြင်း၊ (ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နစေရန် ရည်ရွယ်၍မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ (ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထု ဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီတွေအနေနဲ့ စားသုံးသူတွေနဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာကနေ လိမ်လည်လှည့်ဖြားမှု မခံရစေဖို့အတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ပြန်လည်ကုစားနိုင်ခြင်း၊ တိုင်ကြားနိုင်ခြင်း အခွင့်အရေးများရှိပါကြောင်း၊ တိုင်ကြားမည်ဆိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Consumer Call Center-1535 သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်‌စေ၊ DOCA Myanmar Mobile Application မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အများပြည်သူများ သိရှိနိုင်စေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားအုန်းဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၁)ရက်နေ့၊ ညနေ (၁၅:၀၀)နာရီတွင် ဆီလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

        စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက်၊ အိမ်ထောင်စုများကို ဆီစာအုပ်များဖြင့်ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အရည်အသွေးပြည့်ဝသည့်ဆီများအား အလေးချိန်ခွင်မှန်ကန်စွာရောင်းချရေး၊   သတ်မှတ်ရည်ညွှန်းဈေးဖြင့်     ရောင်းချစေရေး၊ ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရာတွင် ဓါတုဗေဒပစ္စည်းများ   ထည့်သွင်းအသုံးပြုထားသောပုံးများ၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  စားအုန်းဆီများကို သုံးစွဲနိုင်စေရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်    ဝယ်ယူသုံးစွဲနိုင်စေရေး၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် ဌာနက ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်း

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ အဆိုပါကွင်းဆင်း ဆောင်ရွက်ရာတွင် ခရိုင်ဦစီးမှူးက လက်လီ/ လက်ကား ဆန်အရောင်းဆိုင်များအား ဆိုင်ရှင်များအနေဖြင့် စားသုံးပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်နှင့် မြင်သာသောဆိုင်းဘုတ် အရွယ်အစားဖြင့် ရေးသားဖော်ပြပြီး ရောင်းချကြရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရီသွားဝန်ဆောင်မှုအား စစ်ဆေး

        ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ မစကတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ် (၁၁ : ၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် ကားဝန်းအတွင်းရှိ  ဂိတ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရီးသွားပြည်သူများအား အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေး၊ သတ်မှတ်ထွက်ခွာမည့်အချိန် မှန်ကန်စွာထွက်ရှိစေရေး၊ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံစွာပို့ဆောင်ပေးရေး၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမရှိစေရေး၊ ယာဉ်မောင်းသူအား အရက်သေစာသောက်စားပြီး မမောင်းနှင်စေရေး၊ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီဆိုင်များအား သက်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၇) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“သလိပ်ကြီး”ကျေးရွာစားအုန်းဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “သလိပ်ကြီး” ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် သတ်မှတ်ညွှန်ကြား ပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ညိုလေး”(မာစကတ်ထိုးမုန့်) လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၅ခုနှစ်၊ ဖောဖော်ဝါရီလ (၁၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမှတ်(၁၆၃)၊ ကျောက်စိမ်းလမ်း၊ (၁၈)ရပ်ကွက်၊ ဖျာပုံမြို့ရှိ “ညိုလေး” (မာစကပ်ထိုးမုန့်)လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      အဆိုပါတွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ကုန်အညွှန်းအမှတ်အသား လာရောက်လျှောက်ထားမှုအပေါ် သတင်းအချက်အလက်ပြည့်စုံစွာထည့်သွင်းခြင်း၊ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကိုအရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်စေရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအကာကွယ်ပေးခြင်းဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် စားသုံးသူများ အသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကော်မရှင်၏ သဘောတူညီချက်နှင့် အညီ ဦးစားပေးကကဏ္ဍများသတ်မှတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အချက်(၇)ချက်ဖြင့် ဆောင်ရွက်ကြောင်း၊ စစ်ဆေးရေးအရာရှိက တင်ပြလာသော ဘေးအန္တရာယ်ရှိသည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အချက်အလတ်များကို အများပြည်သူများ သိရှိစေရန်ကြေညာခြင်းအကြောင်း၊ စားသုံးသူများအသုံးပြုမည့် ကုန်စည်များအတွက် ဦးစားပေး ကုန်စည်အမျိုးအစားအလိုက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သည့် မြန်မာနိုင်ငံ စံချိန်စံညွှန်းများနှင့်အညီ  လိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News