HighLight News

Powered by Drupal

“နေသစ်ထူးလွင်ပရိဘောဂလုပ်ငန်း” အား Online Sale မှတ်ပုံတင်နှင်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

     (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “နေသစ်ထူးလွင်ပရိ ဘောဂလုပ်ငန်း”အား အမှတ် (၅၆၃)၊ သခင်ဖိုးလကြီးလမ်း၊ (၄၃)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ ၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ /မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ် နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

“ Teacher Wai Zan Beauty & Business Trainer ”အား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် “ Teacher Wai Zan Beauty & Business Trainer”အား အမှတ်(၁၀၃)၊ ဗိုလ်မှုးဗထူးအိမ်ယာ၊ (၄၈)ရပ် ကွက်၊  မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online Sale နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “Y Sister”မှ အဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများအား ဗိုလ်ရာဇာလမ်းမ၊(၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိ၊မြေပြင်စစ်ဆေးရမည့်အချက် (၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အီလက်ထရောနစ်ပစ္စည်းများ” အရောင်းဆိုင်သို့ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အုတ်လှငယ်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ “gadgets4U” Online shop  မှ “အီလက်ထရောနစ်ပစ္စည်းများ”Online Sale အားမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၂.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ အမှတ်(၆၂)၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ “ရွှေညီကို” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) က  ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ ရူခင်းသာလမ်း၊ (၇) အရှေ့ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မိမိရရှိသောခွဲတမ်း များကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးခြင်းရှိ/ မရှိ  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်/ အလေးချိန်မှန်ကန်မှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ မိမိတို့ရရှိသော ခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း သိရှိရပါသည်။ မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)ခုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Aung Zabu Mahar Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်း စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စား လှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၁၁.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ စားအုန်းဆီ ဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် GD Good Co.,Ltd မှ ဖြန့်ဖြူးပေးသော စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူး ဦးလှစိုးက ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့်စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် (၁)အိမ်ထောင်စုစားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

         (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ GD Good Golden Co.,Ltd မှ ဖြန့်ဖြူး သော  စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင် ရောင်းချနေမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  လသာမြို့နယ်အတွင်းရှိ ဦးမြင့်အောင် (ကုန်စုံဆိုင်) နှင့် ဒေါ်ြမသန်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၁၁.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News