HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ   ဦးမြင့်ဌေးနှင့်  ဝန်ထမ်းများ သည်(၁၇-၂-၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် လပွတ္တာမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္ဗဏီမှ (ယာဉ်အမှတ် 7K-7947) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၈)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စပါး ဆန် မြေပြင်လက်ကျန် ကျန်ရှိမှုအခြေအနေ

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများတွင် မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများ  doca.gov.mm ကို စစ်ဆေးလျက်ရှိပြီး၊ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ  ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် မြို့နယ်အတွင်းရှိ ဆန်စက်၊ ကုန်သည်၊ တောင်သူ၊ ဆန်ဆိုင်များအား မြေပြင်ကွင်းဆင်းခြင်းများ စီးပွားရေးအလိုငှာ သိုလှောင်လုပ်ကိုင်သူ လုပ်ငန်းရှင်ထံ စာရင်းများကောက်ခံ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

         ညောင်တုန်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများတွင် စပါးနှင့်ဆန် လက်ကျန်များရှိနေပြီး၊ သိုလှောင်မှု မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဆန်စပါးသိုလှောင်မှုများ မှန်ကန်စေရန်နှင့် ဈေးကွက်အတွင်း စပါး၊ ဆန် လက်ကျန်အခြေအနေများကို ပုံမှန်စစ်ဆေးလျက်ရှိသည် MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းရှင်များအား တိုက်တွန်းနိုးဆော်ဆောင်ရွက်လျက်ရှိကာ ၁၅-၂-၂၀၂၆ ရက်နေ့ ညောင်တုန်းမြို့နယ် စပါးဆန် လက်ကျန်စာရင်းအခြေအနေများမှာ တောင်သူ စပါး ၁၃၈၆၅၂၆တင်း၊ ဆန် ၃၈၇၂အိတ်၊ စက်ပိုင်စပါး ၆၄၉၉၇၇တင်း၊ ဆန် ၅၁၉၅၅၈ အိတ်၊ ကုန်သည် စပါး ၁၃၁၅၀၀တင်း၊ ဆန် ၇၄၆၀အိတ်၊ ဆန်ဆိုင် ၆၇၆၀အိတ်၊ စုစုပေါင်း  စပါး ၂၁၆၈၀၀၃ တင်း၊ ဆန် ၅၃၇၆၅၀ အိတ်ရှိကြောင်း မြို့နယ် နယ်မြေစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ၃လမ်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ၊ မရှိနှင့် စားသောက်ကုန်ဆိုင်များ၊ အလှကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်နှင့် အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော ပစ္စည်းများရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် (၂/၂၀၂၉) ညွှန်ကြားချက် ကုန်စည်အုပ်စု (စ) အလှကုန်ပစ္စည်းများ (၁၀ဂရမ်) အထက်နှင့် အောက် ကုန်စည်အမျိုးမျိုးအား  ဖော်ရမည့်အချက်များပါဝင်မှု ပြည်စုံစေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ အလှကုန်အရောင်းဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြုမြို့နယ် ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ “ရွှေမြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ရွှေမြင့်မိုရ်” ဆန်စက်အား ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို ကောက်ခံစာရင်းယူခဲ့ပြီး ဒေသတွင်းနှင့် ပြည်တွင်း ဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊  ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများ၊ ရန်ကုန် ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် MIRO စာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဦးကျားဗိုလ် ဆေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

         မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်  အတူပူးပေါင်း၍ မအူပင်မြို့ ပေါ်ရှိ ဦးကျားဗိုလ် ဆေးနှင့်ဆေးပစ္စည်း လက်လီ/ လက်ကား အရောင်းဆိုင်များသို့ သွားရောက်၍ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌လုပ်ငန်းလိုင်စင် ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးများရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး၊ အိမ်သုံး ဆေးဝါး လိမ်းဆေးအမျိုးမျိုးတို့၏ ဈေးနှုန်းများကို မေးမြန်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီများမှ ဆေးဝါးဝယ်ယူရရှိမှု အခြေအနေများကို မေးမြန်းခြင်း၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ ဆေးများကို သိုလှောင်ထားရှိခြင်းမပြုရန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် အများပြည်သူများအား ရောင်းချပေးနိုင်ရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောနှောရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါ က စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသောက်ဆိုင် ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက် ၂၀၂၆-ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးဆောင်၍ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင် FDA , ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင် တစ်တော့လုပ်ငန်းမှ အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှုပေးသူ များ၏ ကျန်းမာရေး၊ သား၊ ငါး၊ အသီးအရွက် သန့်ရှင်းလပ်ဆပ်မှု၊ ထားသိုသိမ်းဆည်ထားရှိမှု အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/ မရှိ စသည်တို့ လတ်ဆတ်မှုရှိ/ မရှိ စသည်များအား စစ်ဆေးခဲ့ပါသည်။ ဆိုင်ပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေး စစ်ဆေးခြင်း၊ ဆက်လက်၍ ဆိုင်ရှင်များအား အစားအသောက်ရောင်းချရာတွင် အဓိက သန့်ရှင်းသပ်ရပ်မှုရှိစေရေးမှာ အစားအသောက်များ၏ ဈေးနှုန်း ကြိုတင်သတိပေးချက် မီနူးထားရှိမှုကို သိသာထင်ရှားစွာ ဖော်ပြထားခြင်း ရှိ/မရှိ ကြည်ရှု့ခဲ့ပြီး သိသာထင်ရှားစွာ ဖော်ပြထားရှိရေး၊ ဆိုင်အတွင်း ဝန်ဆောင်မှုကောင်းမွန်စေရေး အသိပညာပေးခြင်း၊ ဝန်ဆောင်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးနိုင်ရေး စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ဆိုင် လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ပန်းတနောမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမတွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ဦးဆောင်ဖိတ်ကြား၍ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ဆိုင်လုပ်ငန်းရှင်များကို မိမိတို့ဆန်စက်မှ ဆန်များကို ဒေသတွင်းနှင့် အခြားဒေသသို့ ရောင်းချရာတွင်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန် နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက်ရှိရာ မြို့နယ်အတွင်းနှင့် အခြားဒေသများသို့  ချိတ်ဆက်တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  လစဉ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ပုံမှန်ဖြည့်သွင်း ဆောင်ရွက်ရန်ကိုထည့်သွင်းပြီး  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ဆန်စက်လုပ်ငန်းရှင် ၂၅ ဦး ဆန်ဆိုင်လုပ်ငန်းရှင် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့် အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးမှုလုပ်ငန်းများအပြင် ဒေသတွင်းတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ကို ဆောင်ရွက်လျက်ရှိပါသည်။

         ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နံနက် (၁၀း၀၀)နာရီအချိန်တွင် ဒေသတွင်း ကုန်ထုပ်လုပ်ငန်း စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍  ဒေသတွင်းကုန်ထုတ်လုပ်ငန်းများ ကုန်ကြမ်းရရှိမှု ဘေးအန္တရာယ်ကင်းရှင်းစွာ ဦးစားပေးထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုနှင့် ဈေးကွက် ဖြန့်ချီမှုအခြေအနေများ၊ ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူသိရှိနားလည်နိုင်စေရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဌာန၏ အမိန်ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်နိုင်ရေးဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေး လုပ်ငန်းရှင် ၈ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကလေးအဟာရ ဖြည့်စွပ်စာ ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက် နှင့် ဝန်ထမ်းများ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ (၈)နာရီအချိန်က ပန်းတနော်မြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်၊ မုန့်မျိုးစုံအရောင်းဆိုင်၊ ဆေးဆိုင်၊ City Marth နှင့် ဈေးရုံ၊ ဈေးတန်းရှိ အလေးအဟာရမုန့် အရောင်းဆိုင်သို့ သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ကလေးအဟာရမှုန့် များသည် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်းခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်အချို့ကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  ဆိုင်ရှင်များကို သက်တမ်းလွန်ကုန်စည်များရှိပါက စားသုံးသူအား လိမ်လည်လှည်ဖြား၍ ရောနှောရောင်းချခြင်းမပြုရန် စစ်ဆေးရေး တာဝန်ရှိသူနှင့် မိတ်ဖက်တာဝန်ရှိစစ်ဆေးသူများမှ ဌာနတို့၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှု အမှတ်စဉ်နှင့်၊ ထောက်ခံချက်၊ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊  ကုန်အညွှန်းဖော်ပြထားသော ကုန်စည်များကိုရောင်းချကြပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းကို အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဓူဦးစီးမှူးသည် (၁၈.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အတွင်း ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ဒေသထွက် ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်း၊  ဆန်အမျိုးအစားအလိုက် ဈေးကွက်အတွင်းရောင်းချနေမှု ဈေးနှုန်းများကို သိရှိနိုင်ရန် သတ်မှတ်ရည်ညွှန်းဈေးကော်လွန်ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန် အခြေအနေ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဆန်ဆိုင်များမှာ ဆန်အိတ်လက်ကျန်စာရင်းများကို ကောက်ခံ၍ Myro တွင် ဖြည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News