HighLight News

Powered by Drupal

“ သုံးခွမြို့နယ်တွင်အ.ထ.မြို့မကျောင်းတွင်စားသုံးသူအသိပညာပေးဟောပြော ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၉)ရပ်ကွက်ရှိ အ.ထ.က မြို့မကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က ဌာန၏ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းများအကြောင်း၊ စားသုံးသူပြည်သူများအား ကာကွယ်ပေးရသည့် ဥပဒေလိုအပ်ရသည်အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေးခြင်း အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သုတ၊ရသစာပေများအကြောင်း၊ မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်မှ လူငယ်နှင့်အားကစား လှုပ်ရှားမှုများအကြောင်း အသိပညာပေးခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၂၈)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၅၀)ဦး စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၏ဈေးကွက်တွင် ရောင်းချနေသော စားအုန်းဆီအမျိုးမျိုးတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းအား စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။

       ထို့ပြင် စားသုံးဆီအမျိုးမျိုး ရောင်းချသောလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာ ကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ကွင်းဆင်း စိစစ်ခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းများကို ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့ဖြင့်  စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ ဈေးတာဝန်ခံ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသော ဒေါ်ထက်ထက်ထွန်း ကုန်စုံဆိုင်၊ ဒေါ်ကျင်သန်းကုန်မျိုးစုံဆိုင်၊ ဒေါ်ရီရီသန်းကုန်စုံဆိုင်တို့မှ MEGA (၁၀၀% သန့်စင်ပြီး သဘာဝ နေကြာဆီစစ်)၊ အမေထွား (သဘာဝမြေပဲဆီ)၊ ရွှေအုံ (မြေပဲဆီသန့်)၊ Meizan (မေဇင်)ဟင်းသီး ဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)၊ Duck (ဘဲလေး ဟင်းသီးဟင်းရွက်ဆီ) အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ကြသည်။

         ထို့နောက် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးထွန်းထွန်း၊ စာရင်းကိုင်-၃ ဒေါ်ခိုင်သဇင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ ဦးဟိန်းသော်ဇင်ဦး လက်လီလက်ကား အရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီဆိုင်၊ ဒေါ်မော်မော် လက်လီဆိုင်၊ ကံကြီးမကျီးရပ်ကွက်တွင် ရောင်းချသော ဦးကျော်လွင် လက်လီဆိုင်၊ ဦးရဲဝင်းဟိဏ်း လက်လီဆိုင်၊ မြို့မရပ်ကွက်တွင် ရောင်းချသော ဦးဟိန်းမင်းလတ် လက်လီဆိုင်၊ ဦးကျော်သူရအောင် လက်လီဆိုင်၊ ဒေါ်မြသီတာကျော် လက်လီဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်လဲ့လဲ့သင်း လက်လီဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီဆိုင်၊ ဦးစန်းဌေး လက်လီဆိုင်၊ ဦးမြင့်မင်းသူ လက်လီဆိုင်များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့်လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကို စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေး ရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် (၂%)အမြတ်နှင့် သယ်ယူခ၊ အလုပ်သမားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားအုန်းဆီရောင်းချသော လက်လီလက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် ဆေးဆိုင်များတွင် စံမညီဆေးဝါးရောင်းချမှုရှိ/ မရှိကွင်းဆင်းစိစစ်ခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးမှ ဦးဆောင်ပြုလုပ်သော စံမညီဆေးဝါး (Fluximed Hard Gelatin Capsule)အမှတ်တံဆိပ်ဆေးဝါးများရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများတို့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော ဦးထွန်းဝေဆေးဆိုင်၊ ရာပြည့်ဆေးဆိုင်၊ အေးမေတ္တာဆေးဆိုင်၊ ကောင်းမြတ်ချမ်းသာဆေးဆိုင်၊ ကံကြီးမကျီးရပ်ကွက်တွင် ရောင်းချသော ထွန်းဝေဆေးဆိုင်၊ ဦးစံရွှေ+ ဒေါ်တင်အိ ဆေးဆိုင်တို့တွင် အိန္ဒိယနိုင်ငံထုတ် Medice Remedies Ltd Indiaမှ ထုတ်လုပ်သော Fluximed Hard Gelatin Capsule အမှတ်တံဆိပ် စံမညီဆေးဝါး ရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုးက ဖော်ပြပါဆေးဝါးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စံမညီဆေးဝါးအပြင် သတ်မှတ်ထုတ်ပြန်ထားခြင်းဖြစ်ရာ ယခုစစ်ဆေးချိန်တွင် မတွေ့ရှိသော်လည်း နောင်တွင်လည်း ဝယ်ယူတင်သွင်းရောင်းချခြင်းမပြုလုပ်ကြရန် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့် တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်၍ သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့မဈေးအတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ စည်ပင်သာယာမြို့မဈေးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်ဆိုင်များနှင့် လက်လီကိုယ်စားလှယ်ဆိုင်များတွင် နေ့စဉ်ခွဲတမ်းရရှိသည့် စားအုန်းဆီများအား စားသုံးသူပြည်သူများ လက်ဝယ်သို့ ဖြန့်ဖြူးရောင်းချပေးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချနေမှုရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာမြို့မဈေးအဖွဲ့မှဝန်ထမ်းများသည်  စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိရာ စားအုန်းဆီခွဲတမ်းရရှိသည့် ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့ စားအုန်းဆီများ ရောင်းချရာတွင် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂%)အမြတ်ထက်မပိုသော ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရေင်းချနေခြင်းရှိ/ မရှိ၊ ရောင်းချဖြန့်ဖြူးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများမှန်ကန်စွာဖြင့် ရောင်းချနေခြင်းရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်လက်၍ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးကလည်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းအတိုင်း အမှန်တကယ်ရောင်းချမှုမရှိခြင်း၊ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ဆန်ဆိုင်များတွင် ဆန်များအားသင့်တင့်မျှတသောဈေးနှုန်း ဖြင့်ရောင်းချခြင်းရှိ/ မရှိမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်အရောင်းဆိုင်များတွင် ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရုသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည် ငြိမ်မှန်ကန်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ဈေးကွက်အတွင်း ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လစဉ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price)ဖြင့် ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Good Morning မုန့်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

            (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် အမှတ်(၆၂)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Good Morning မုန့်လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          တာဝန်ခံဖြစ်သူက Good Morning မုန့်လုပ်ငန်းသည် ၁၉၉၆ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး ထုတ်လုပ်သောအမှတ်တံဆိပ်များမှာ လိမ္မော်အရသာကိတ်၊ ငှက်ပျောအရသာကိတ်၊ ချောကလက် ကိတ်အစရှိသော ကိတ်၊ ကွတ်ကီးအမျိုးအစားပေါင်း (၁၇)မျိုးထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ တစ်နေ့လျှင် အမျိုးအစားတစ်မျိုးသာထုတ်လုပ်၍ အထုပ်ပေါင်း(၄) သိန်းထုတ်ကာ တစ်ပါကင် (၂၀၀)ထုပ်ပါ ပါကင်(၂၀၀၀)ထုတ်လုပ်လျက်ရှိပါကြောင်း၊ မြန်မာပြည်အနှံအပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ Good Morning မုန့်လုပ်ငန်းမှာ လုပ်ငန်းခွဲ(၃)ခုရှိပြီး ကွင်းဆင်းလေ့လာသောလုပ်ငန်းခွဲ၌ ဝန်ထမ်းအင်အားမှာ ကျား(၈၈)ဦး၊ မ(၇၂) စုစုပေါင်း (၁၆၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

 

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

            (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၆၂)၊ မြတောင် ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Good Morning စက်ရုံ၌ ထုတ်လုပ်လျက်ရှိသော မုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် Good Morning စက်ရုံမှ တာဝန်ခံ ဒေါ်စိန်စိန်ကြည်ပါ(၉)ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦးဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ ပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ပုဒ်မ (၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချခြင်း မပြုလုပ်ရသည့်အချက်များ၊ ပုဒ်မ(၆၈)တွင် ပုဒ်မ(၄၃)ပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦး တို့သည် အမှတ်(၆၂)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ လှိုင်သာယာမြို့နယ်ရှိ L & M Myason Co.,Ltd မှ Good Morning မုန့်လုပ်ငန်းစက်ရုံသို့ (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၁၅)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်ပါ (၂)ဦး၊ စက်မှုဇုန်(၁)ကော်မတီရုံးမှ ဒုတာဝန်ခံ ဦးနေမျိုးဦးတို့ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော Good Mrning အမှတ်တံဆိပ်ကိတ်/ ကွတ်ကီးအမျိုးအစားပေါင်း (၁၇)မျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“ မိတ္ထီလာမြို့နယ်တွင် ပင်ကီ Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အောင်ဇေယျာ (၁၆) ရပ်ကွက်ရှိ ပင်ကီတိရစ္ဆာန်နှင့် တိရိစ္ဆာန်မွေးမြူးရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News