HighLight News

Powered by Drupal

အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ကုန်စည်များအား ဓါတုဆေးဝါးသုံးစွဲမှု ရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် (၂.၇.၂၀၂၆)နေ့ နံနက်(၀၇:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအသောက်နှင့်​ ဆေးဝါးကွပ်ကဲ​​ရေးဦးစီးဌာနမှ ဦးဆောင်၍ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ပဲပြား၊ ပဲသွေးများတွင်ဖော်မလင်ပါဝင်မှု ရှိ/ မရှိ၊ ငရုပ်သီးမှုန့်များတွင် ဆိုးဆေးပါဝင်မှုရှိ/ မရှိနှင့် ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ရှိ/ မရှိနှင့် ကုန်အညွန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ၊ ရေသန့်စက်များ FDA ထောက်ခံချက်ရှိ/ မရှိနှင့် အဆင့်ဆင့်ထုတ်လုပ်မှုများ သန့်ရှင်းသပ်ရပ်မှု့ရှိ/ မရှိ၊ ​မြို့ပေါ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များ အားသက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ အလှကုန်များတွင် သက်ဆိုင်ရာထောက်ခံချက်နှင့် ပြည်သူများသုံးစွဲရန် သင့်/ မသင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲသွေးများတွင်ဖော်မလင်ပါရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဖွဲ့ဖြင့်သိမ်းဆည်းကာ ရောင်းချသူအား ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

       (၂.၇.၂၀၂၆)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးသူ​​ရေး ရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းသည် အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် လက်ကားကိုယ်စားလှယ်(၆)ဦးနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား အလေးချိန် မှန်ကန်စွာထုတ်ပေးရန်၊ သတ်မှတ်ရည်ညွန်းစျေးအတိုင်း ဖြန့်ခွဲရောင်းချရန်၊ သတ်မှတ်အကြိမ်အရေအတွက်များ မှန်ကန်စွာထုတ်ပေးရန်၊ စာရင်းဇယားများသေချာပြုစုထားရှိရန်နှင့် အိမ်ထောင်စုအလိုက်ခွဲဝေမှုများအား ပြည့်မီစွာဖြန့်ဝေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး မှာကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဇွန်လအတွင်း  ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဓါတ်‌မြေဩဇာများအား အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် သိုလှောင်ခြင်း၊ဈေးကစားခြင်းများရှိ/ မရှိအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများသည် ဟင်္သာတခရိုင်အတွင်း(၃)မြို့နယ်နှင့် မြန်အောင်ခရိုင်အတွင်း(၃)မြို့နယ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

        ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်အလိုက်ရောင်းချလျက်ရှိသော  ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် G-46 (လုံးကြီး) တစ်အိတ်လျှင် ၁၄၅၀၀၀/- ကျပ်နှင့် 15:15:15: (ကွန်ပေါင်း) တစ်အိတ် လျှင် ၁၂၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကုန်မျိုးစုံဆိုင်နှင့်ဆေးဆိုင်များတွင် ကန့်သတ်ကုန်ပစ္စည်းများနှင့် Date လွန် ကုန်ပစ္စည်းများ​ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (၂.၇.၂၀၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်သာယာစျေးနှင့် တာကြီးတန်းလမ်းရှိ ကုန်စုံဆိုင်နှင့်ဆေးဆိုင်များတွင် ပုံမှန်ရောင်းချမှုအခြေအနေများ၊ ဆေးဝါးနှင့်အခြားဆက်စပ်ပစ္စည်းများ ပုံမှန်ထက်ဝယ်ယူသုံးစွဲခြင်းများနှင့် မုန့်၊ ဆေးဝါးများ၊ ကန့်သတ်ကုန်ပစ္စည်းတို့ကိုရောင်းချခြင်းနှင့် date လွန်ကုန်ပစ္စည်းများ​ရောင်းချခြင်း ရှိ/ မရှိတို့အား စစ်ဆေးခြင်းနှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းပေးပို့တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးဆောင်၍ ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဘက်ရဲမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊  အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘက်ရဲမြို့နယ်စည်ပင်တာဝန်ခံနှင့် ပလကဖ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအားဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန် ရည်ရွယ်၍ ပူးပေါင်းအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ရာ မုန့်၊ ဆေးဝါးများနှင့် အခြားဆက်စပ်ပစ္စည်းများတွင် ကန့်သတ်ထုတ်ကုန်များနှင့် Date လွန် ကုန်စည်များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမိုရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရပါသည်။

       ပခုက္ကူခရိုင်အနေဖြင့် ဇွန်လအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နေကြာစေ့လုပ်ငန်းရှင်များအား တွေ့ဆုံမှု(၄)ကြိမ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကိတ်မုန့်လုပ်ငန်းရှင်နှင့် စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာရောင်းဝယ်ရေး လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၂) ကြိမ် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် ကျောတိုက်ရပ်ကွက်ရှိ ကုလားပဲခွေကြော်လုပ်ငန်းရှင် (၁)ကြိမ်တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင် တွေ့ဆုံမှု (၇)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

       ပခုက္ကူခရိုင်အနေဖြင့်၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အ.မ.က(၅၆)ဆယ်ရွာ ကျေးရွာနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားတွင် အသိပညာပေးခြင်းနှင့် ရွာသစ်ရပ်ကွက်ရှိ “ ဒေါ်နိုင်နိုင်” စာသင်ဝိုင်းတွင် အသိပညာပေးခြင်း၊  ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ၊ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ (၅)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၁)ကြိမ်၊ စုစုပေါင်း(၆)ကြိမ်ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၂၉..၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်()ဆိုင်အား စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိူးစုံရောင်းချသည့် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ဖော်ပြလာရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း  ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်      သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချနေသည်ကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး  ကွင်းဆင်းအသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၈..၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိအောင်ရွှေပုလဲပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌါန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ကုန်ပစ္စည်းများကို စားသုံးသူအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်အပေါ် ယုံကြည်မှုရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌါန်းချက်များ၊ အရေးယူတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

      စီးပွားရေးလုပ်ငန်းရှင်သည် မိမိတို့ကုန်စည်၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှုရှိမရှိ မိမိတို့ဌာနသို့ စိစစ်ခွင့်ပြုချက် တင်ပြလျှောက်ထားနိုင်ကြောင်း၊ ဌာနမှဥပဒေနှင့် အညီ ပြည့်စုံမှန်ကန်သော ကုန်အမှတ်တံဆိပ်များဖြစ်စေရန်  စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား သိရှိနားလည်စေရန် အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

          ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ဆိပ်ဖြူမြို့နယ်မှ ဦးစီးအရာရှိတို့ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးဆီအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်များတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်(၁)ကြိမ်နှင့် ပခုက္ကူမြို့ ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုးအား စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့် အာလူးကြော်နှင့် ကိတ်မုန့်လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ (၁) ကြိမ်၊ ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် ဆေးဝါးနှင့် စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ကြပြီးဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့ပြင် ပခုက္ကူခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များပေးအပ်ခြင်းနှင့် MSME ဒေသထွက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံထားသည့်လုပ်ငန်းရှင်များထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်း   ဆိုင်ရာအကြောင်းအရာများနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရန် တို့ကို အသိပညာပေးခြင်း၊  ဆိပ်ဖြူမြို့နယ်မှ မိဘပြည်သူများအား အွန်လိုင်းမှတ်ပုံရန်    အသိပညာပေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့မှ အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

          ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၁၃)၊ နီလာလမ်း၊ ဇေယျာသီရိ(၁)ရပ်၊ မြိတ်မြို့ရှိ Paradise Myeik Online Store အဝတ်အထည်၊ လူသုံး ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့်လုပ်ငန်းမှ အွန်လိုင်းရောင်းချခွင့်လိုင်စင် သက်တမ်းတိုးလျှောက် ထားလာမှုနှင့်စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိအား DOCA Application ပါ အချက်(၁၈) ချက်အား အခြေံ၍စစ်ဆေးဆောင်ရွက်ခဲ့ကာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News