HighLight News

Powered by Drupal

360 Petro စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) သည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၅) နာရီအချိန်တွင် လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (360 Petro) စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင်  စက်သုံးဆီအရောင်းဆိုင်များ၏ ယနေ့ရောင်းဈေး တစ်လီတာလျှင်(92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်) တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

KZH စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

         (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ) ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)သည် ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ ပါသည်။

          အဆိုပါ KZH စက်သုံးဆီ အရောင်းဆိုင်တွင် (၁၈-၁၁-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီ တာလျှင် (92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင် ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Myanmar Link Telecommunication Co.Ltd အား အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

           ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅)ရက် နေ့၊ နံနက်(၁၂း၀၀)နာရီအချိန်ခန့်တွင် အမှတ် (၁၂၂၃)၊ (၁၃)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော Myanmar Link Telecommunication Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင်ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍စစ်ဆေးခဲ့ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက်ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

NTT MYANMAR Co.Ltd အား အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

          (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်  ဝန်ထမ်းများသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား အမှတ်(၃၃၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါ၊ ကျောက်တံတားမြို့နယ်တွင်ဖွင့်လှစ်ထားသော NTT MYANMAR Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအားဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      (၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက်( ၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် ရန်ကင်း(၅)လမ်း၊ သာသနာရိပ်သာရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ အမ်ကေဗန်းဒစ်အော့ဖစ်(စ်)လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/ မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မဉ္ဇူ (၃)လမ်း၊ ရိုးကြီး/ရိုးလေး ကျေးရွာ ထန်းတပင်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ပန်းနုရောင်အလှကုန်ပစ္စည်း လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ နှင့်  ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Mayry Beauty Salon လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၀၂၈/အေ)၊ မိုင်းပွန်စော်ဘွားကြီးလမ်း၊ (၁၉) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Mayry Beauty Salon လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Mayry Beauty Salon ပိုင်ရှင် ဒေါ်ဆွေမာအေးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လူပျိုကြီးဂျပန်ကျပစ္စည်းအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(က/၃)၊ အိမ်အမှတ်(A-1)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (13.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ Thein Aye အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် No.9/A, Hnin Si(5)Street, Lay Daung Kan Ward, Mingalardon Township အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထား သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

87 Export Fashion လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (13.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)နာရီအချိန်တွင် အောင်စည်းခုံဘုရားလမ်း၊ ကျောင်းကြီးကျေးရွာ၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ မင်္ဂလာဒုံမြို့နယ်ရှိ 87 Export Fashion အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - HighLight News