HighLight News

Powered by Drupal

ကံမမြို့နယ်တွင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအားအသိပညာပေး

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၂.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကံမမြို့ ပေါ်၌ ဆန်ရောင်းချနေသော လက်လီ/လက်ကားအရောင်းဆိုင်များသို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ဆန်လက်လီ/ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွက် သက်မှတ်ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

‌ချောက်မြို့နယ်၌ စားသောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၂၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံဦးဆောင်၍ ငွေမြင့်မိုရ်နှင့် စိန်သရဖူပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စားသောက်ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် လုပ်ငန်းသုံးဆီများအမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းမှတ်ပုံတင်ပြီးလုပ်ငန်းများ မြေပြင်အမှန်တကယ်ရောင်းချမှုနှင့် ကိုက်ညီမှု ရှိ/မရှိကွင်းဆင်းလေ့

           ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်၊ ပန်းတနော်မြို့မစည်ပင်သာယာစျေးကြီးအတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့်စျေးဆိုင်များအား တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  စျေးကွက်အတွင်း စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကိုရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းကို  ရွေ့လျားဓာတ်ခွဲယာဥ်ဖြင် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  စားသုံးသူရေးရာဦးစီးဌာန. စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာဝန်ရှိသူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ရုံးမှတာဝန်ရှိသူ စျေးတာဝန်ခံ  ဦးကိုကိုမင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့တို့သည် ပန်းတနော်မြို့မ​စည်ပင်သာယာစျေးအတွင်း/အပြင်၌  ရောင်းချလျက်ရှိသည့်စျေးဆိုင်များမှ  ကုန်ပစ္စည်းများအား စျေးကွက်နမူနာကောက်ယူ၍ (Mobile Lab Van ဖြင့် မုန့်ဟင်းခါး၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ပဲပြား၊ သရက်သီးကုလားဒယ်၊ လဖက်၊ ငပိဆနွမ်းမှုန့်၊ နှင့်အမျိုးအမည် (၂၀)တို့ကို ရွေ့လျားဓာတ်ခွဲယာဥ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။ ပြည်သူများ အစားအသောက်ကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုပစ္စည်းများအလွန်အကျွံသုံးစွဲခြင်းရှိ/ မရှိစစ်ဆေးခြင်း  ထို့အပြင် ကုန်ပစ္စည်းအစားအသောက် ရောင်းချသူများတွင် အသုံးမပြုသင့်သောဓာတုပစ္စည်းများ ခွင့်မပြုဆိုးဆေးများအကြောင်း အသိပညာပေးခြင်းဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ညောင်တုန်းမြို့နယ်တွင်း စားသုံးသူများအသုံးပြုသောရေသန့်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်ဆုံးနိုင်ရန်အတွက်၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်   (၂၂.၁၁.၂၀၂၄) ရက်နေ့တွင် ရေသန့်စက်ရုံ (၇)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်မြို့နယ်ဦးစိးမှူးသည် ညောင်တုန်းမြို့နယ်တွင်း သောက်သုံးလျက်ရှိသောသောက်ရေသန့်များ ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး၊ ရေသန့်စက်ရုံမှ ရောင်းချနေသောရေသန့်ဗူးများကို စနစ်တကျဆေးကျောပြီးရောင်းချရန်၊ ရေသန့်အရောင်းကိုယ်စားလှယ်များကို ပိုဆောင်သောရေသန့်ဗူးမျာကိုရောင်းချရာတွင် နေပူသောနေရာတွင် ရေသန့်များကိုချ၍ ရောင်းချခြင်းမပြုရန် တစ်ပါတည်း အသိပညာပေးပြောကြားရောင်းချရန်၊ ရေဗူးသယ်ယူသော ရေသန့်ကားများ အမိုးတပ်ဆင်၍ပို့ဆောင်ရန်၊ ရေသန့်ဗူးပို့သောလုပ်သားများ တစ်ကိုယ်ရည်ကျန်းမာရေးအထူးဂရုပြုရန်တို့ကို လုပ်ငန်းရှင်များကို မှာကြားအသိပေးပြောကြားခဲ့ပြီး စက်ရုံလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ စက်ရုံလုပ်ငန်းလိုင်စင်သက်တမ်း၊ သက်ဆိုင်ရာဌာနတို့၏ထောက်ခံချက်၊ ခွင့်ပြုချက်သက်တမ်းများကို အချိန်မီသက်တမ်းမကျော်စေရေ သက်တမ်းတိုးလုပ်ငန်းကိုဆောင်ရွက်ရန်နှင့် ကောင်းမွန်သောရေသန့်ကိုတန်ဖိုးနှင့်အညီ ဈေးကွက်အတွင်းဖြန့်ချိဆောင်ရွက်ရန်နှင့် စက်ရုံဝန်းကျင်သန့်ရှင်းသာယာရေးတို့ကို အလေးပေးဆောင်ရွက်ရန်၊ လာရောက်ကွင်းဆင်းစစ်ဆေးသောဌာနများ၏ အမိန့်ညွှန်ကြားချက် သတ်မှတ်ချက်များကို အလေးပေးလိုက်နာဆောင်ရွက်တို့ကို မှာကြားဆွေးနွေးပြီး လုပ်ငန်းကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘုရားပြို အ.မ.က မူလွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က မူလွန်ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး သိရှိနာလည်းရန်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အရေးဆိုတင်ပြနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း (၂၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပန်းတနော်မြို့၊ ဘုရာပြိုကျေးရွာ(အ.မ.က)ရှိ အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ(၇၀)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးက ဦးအောင်ကျော်သက် (အငယ်တန်းစာရေး)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်း ကောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ စားသုံးအခွင့်အရေး (၈)ချက်ကိုသိရှိပြီး အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုသောအခါ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးထာနသို့ အရေးဆိုတင်ပြတိုင်ကြားနိုင်သည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းစျေးတန်းများနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  စားသုံးရန်မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မုန့်ကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိသော အချက်အလက်များကိုကြည်ရှုတက်စေရန် ရှင်းလင်ပြောကြားပြီး ဥပမာပေးမုန့်ထုတ်များနှင့် အကွ ကလေးများအား ရွေးချယ်စေခိုင်းပြီး ဆုပေးဒဏ်ပေး ပညာပေးပြုလုပ်ကာ အသိပညာပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသား/ကျောင်းသူများ ထံသို့ ပေးအပ်ခဲ့ကာ  ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်း အကြောင်း Talk Showကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည်စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့်ဥပဒေများ၊  စားသုံးသူသည်ကုန်စည်နှင့် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူသည့်အခါ စားသုံးသူများသည်  ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို  ဘေးအန္တရာယ်ကင်းရှင်းစွာ  အသုံးပြုခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသောသတင်းအချက်အလက်များရရှိစေရန်၊   ကုန်စည်နှင့်   ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန်၊    ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်ရရှိစေရန်၊ ကုန်စည်နှင့်  ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍  စားသုံးသူ၏  အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သောဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့်အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက်အလက်များကို သိရှိလေ့လာခွင့်ရရှိရန်၊ ကျန်းမာဝပြောသည့်ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့်ရရှိစေရန်တို့ကို ကုန်စည်နှင့် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူသည်အခါ စားသုံးသူအခွင့်အရေး သိရှိရန်ရှင်းလင်းပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်မှု၊ ထိန်းချုပ်အစားအသောက်များနှင့် ဌာနတို့၏ အမိန့်၊ ညွှန်ကြားချက်များစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ‌၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းများမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာများတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်တို့ကို အသိပညာပေး ပြောကြားခဲ့၍ စနစ်တကျရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မအူပင်ခရိုင်အတွင်း စားသုံးဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဆီထုတ်ယူနိုင်ခွင့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တွေ့ဆုံဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် စားအုန်းဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားသုံးသူ ပြည်သူများဆီဝယ်ယူရာတွင် လုပ်ငန်းအဆင်ပြေချောမွေစေရေး မအူပင်မြို့နယ်အနေဖြင့် ဆီရောင်းချမှုလုပ်ငန်းတည်ငြိမ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများကိုပါဖိတ်ကြား၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။  

            တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက စားအုန်းဆီထုတ်ကိုယ်စားလှယ်များကို မအူပင်ခရိုင်အတွက် ဆီဘောက်ဆာကားများ အချိန်နှင့် တပြေးညီရောက်ရှိပြီး စားအုန်းဆီထုတ်ယူခွင့်ခွဲတမ်းများကို စနစ်တကျထုတ်ယူပြီးငွေပေးချေကာ သတ်မှတ်နေရာများတွင် စနစ်တကျထုတ် ယူနိုင်ရန်ကိုလည်းကောင်း၊ ဆီရောင်းချခွင့် ကိုယ်စားလှယ်ဆိုင်များမှ စားသုံးသူပြည်သူများ တစ်လ ၃ကြိမ် တစ်ကြိမ်လျှင် ၅၀ကျပ်သားဖြင့် ၁ပိဿာ ၅၀ကျပ်သားကို သတ်မှတ်ရက်နှင့် သတ်မှတ်ချိန်အတွင်း စနစ်တကျ စားသုံးသူပြည်သူလက်ထဲ ရောက်ရှိအောင်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီထုတ်ယူခွင့်စာအုပ်နှင့်အတူ လာရောက်ထုတ်ယူသူ ပြည်သူများကိုလည်း သေချာစိစစ်မှတ်သားပြီး ရောင်းချရန်ကိုလည်းကောင်း၊ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များပျောက်ဆုံးခြင်း၊ ထားသိုသိမ်းဆည်းမှုမှားယွင်း၍ စုတ်ပြဲခြင်းများဖြစ်ပေါ်လာသည်ကို စိစစ်တွေ့ရှိရ၍ ဆီထုတ်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက သေချာစိစစ်ဆောင်ရွက်ရန် အမှတ်တကယ်ပျောက်ဆုံး၊ ပျက်စီးပါကလည်း  ရပ်ကွက်ထောက်ခံချက်နှင့်အတူ ကိုယ်တိုင်ပျောက်ဆုံးလျောက်ထားရေးစာဖြင့် ဌာနဆိုင်ရာများကစိစစ်ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မလိုအပ်ပဲ ဆီထုတ်ယူခွင့်စာအုပ်များ ဖောင်းပွမည်ဖြစ်သဖြင့် အားလုံးသေချာစိစစ်ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မအူပင်ဆီရောင်းချသူ ကိုယ်စားလှယ်များမှ မအူပင်ခရိုင်အတွင်း ဆီကုန်ဈေးနှုန်းတည်ငြိမ်နိုင်စေရေး အလေးပေးပူးပေါင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News