HighLight News

Powered by Drupal

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (ကြီး/ရေး)နှင့် ဝန်ထမ်းများသည် ၇-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်း နိုင်(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Capital Super Market ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ Market အတွင်း ရောင်းချလျှက်ရှိသော ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်းကာ (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကား ဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝ ရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်ရေတွင်းလမ်း၊ အမှတ်(၁၅)ရှိ ဆန်ဆိုင်(၃) ဆိုင်တို့အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက်များစွာ မရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆန် ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း မပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၀.၇.၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ယိုးဒယားငံပြာရည်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပါရှိသည်ကို စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၁၀.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ်(၁၅)ရှိ ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀) ၊‌ပေါ်ဆန်းမွှေး (ဟောင်း) ၊ ဇီယာ၊ အညာသား(ရှယ်)၊ရွှေဘိုကျားပျံ၊ ဆင်းသွယ် (ဟောင်း)၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန် ရောင်းချမှု မရှိစေ ရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ရန်ကုန်)

(VVIP Collection)အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၈.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၁၀:၃၀) နာရီအချိန်တွင်(VVIP Collection) အဝတ် အထည်နှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း အမှတ် (၁၄) ၊ ရတနာသိပ္ပံလမ်း၊ သီရိရတနာ ရိပ်သာ၊ မိချောင်းကန်အပိုင်း(၃)ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ် ပေး ရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကိုအရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အိမ်သုံးပစ္စည်းများ၊ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၃.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် အိမ်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်း အမှတ်(၅) ၊ (၁၄၀)လမ်း၊ မအူကုန်းရပ်ကွက် ၊တာမွေမြို့နယ်သို့ သွား ရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း တိုက်(၂၃)၊ ဗဟိုလမ်း၊ ဗျိုင်းရာမရပ်ကွက်၊ တာမွေမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ် ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

စားသောက်ကုန်ပစ္စည်းများ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၄.၇.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (ရွှေဆန််းထက်) စားသောက်ကုန်ပစ္စည်းများ Online Sale လုပ်ငန်း အိမ်အမှတ်(၁၄)၊ရာဇဓိရာဇ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်း ဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေး ရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက် မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင် လက်မှတ်များ ထုတ်ပေး သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊လုပ်ငန်းသည် စားသောက်ကုန် လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကို လည်းကောင်းစားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News