HighLight News

Powered by Drupal

တောင်ဒဂုံမြို့နယ်၊(၅၅)ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၅း၀၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး တောင်ဒဂုံမြို့နယ်၊ (၅၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၃)စုအား အိမ်ထောင်စုအလိုက် စားအုန်းဆီထုတ်ယူရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တောင်ဒဂုံမြို့နယ်၊(၂၁)ရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခ ရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦး အောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က တောင်ဒဂုံမြို့နယ်၊ (၂၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်သိရှိရပါသည်။

DOCA (ရန်ကုန်)

၁၀/တောင်(၁၂)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီ ကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ၁၀/တောင်(၁၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအားမြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး  Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၅.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင် ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် သိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေရွက်လှေဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ  စစ်ဆေးရေးအရာရှိများသည် (၈.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူပူးပေါင်း၍ လှိုင်သာယာမြို့နယ်ရှိ ရွှေရွက်လှေဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရွှေရွက်လှေဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဉီးစီးဌာနမှ ဆန် သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန်(၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online)တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ပြည့်ဝဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           (၈.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးတာဝန်ခံနှင့်အတူ ပြည့်ဝဆန်ဆိုင်တွင် ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်ဈေးအတွင်းရှိ ပြည့်ဝဆန်အရောင်းဆိုင်အား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင်ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ Ocean Super Center ရှိ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသောလုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

City Mart (ကျန်စစ်မင်း)လှိုင်သာယာမြို့နယ်သို့ သွားရောက်၍ ဆန်ကွင်းဆင်းစစ်ဆေးခြင်း

             (၈.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်သို့ သွားရောက်၍ ဆန်များကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် City Mart ဆန်အရောင်းကောင်တာရှိ စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသောဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများ ရရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာဈေးရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ် အထက်တွင် ဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး ကုန်စည်၏ သတင်းအချက်အလက်ပြည့်စုံစွာပါဝင်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများအား ရောင်းချခြင်းဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ခရမ်းမြို့နယ်ကရင်ကန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင်စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်းနှင့် ‌ ကျောင်းမုန့်ဈေးတန်းအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်/ ဆက်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်က အားကစားစိတ်ဓာတ်အကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က တိုင်းရင်းဆေးဝါးများအကြောင်းများကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအား အသိပညာပေးခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲပါက ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာခဲ့ပါက အသိပေးတိုင်ကြားနိုင်ရန် စားသုံးသူရေးရာဦးစီးဌာ၏ Call Center No. 1535သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

            ဆက်လက်၍ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကလေးငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များအားရောင်းချမှု မပြုလုပ်ကြရန်၊ အသုပ်စုံများရောင်းချရာတွင် သန့်ရှင်းမှုရှိရန်နှင့် အဖုံးအအုပ်များဖြင့် ဖုံးအုပ်ထားကြရန်နှင့် အမှည့်လွန်သစ်သီးများ ရောင်းချမှုမပြုလုပ်ကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News