HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အောင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းဈေးထက်  ပိုမိုရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည်(၁၁.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍မြို့ပေါ်ရှိ ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော စားအုန်းဆီများသတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချနေခြင်းမရှိပါကြောင်း ပဲလတ်ဆီ၊ နှမ်းအရောဆီများရောင်းချခြင်းမတွေ့ရပဲ ပိဿာချိန်ဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ပြည်သူများအား Goody , Maizan , Louts ပုဇွန်နှစ်ကောင်စားအုန်းဆီ (၅)ပိဿာဝင် (၁၀)ပိဿာဝင် ပုံးများမှ ခွဲဝေရောင်းချပေးနေကြောင်း တွေ့ရှိရပါသည်၊ ဆိုင်ရှင်များအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက အရေးကြီးကုန်စည်များဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၂၃)ပါ တားမြစ်ချက်များမှ ပုဒ်မ(၆၅)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၅၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ဆိုင်ရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော   လုပ်ငန်းတာဝန်များ၊   ရှေ့ဆက်လက်ဆောင်ရွက်ရမည့်   လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ဆိုင်ပိုင်ရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြော 

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်     (၁၀-၂-၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် တာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးအား Online SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော လုပ်ငန်းရှင်များအား  Online SaIe ဖြင့်ရောင်းချနေသူများအနေဖြင့်      မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online  Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အသင့်စား မုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌  မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုးကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် (၁၀-၂-၂၀၂၆) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့ပေါ်ရပ်ကွက် မုန့်မျိုးစုံဆိုင်များမှ ရောင်းချနေသော ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ကုန်အညွှန်းပြည့်စုံမှု ရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/ မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စားအစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ ဆိုင်ရှင်များကို ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်သည့်မုန့်များ မရောင်းချရန်တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက်များနှင့် ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဖေဖောဝါရီလ ၁၀ ရက်နေ့၊ နံနက်(၁၂:၃၀)နာရီအချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည်  ပန်းတနော်မြို့နယ်ဦးစီးမှဓးရုံးတွင် ပန်းတနော် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့်  myro တွင် မှတ်ပုံတင်ထားသည့် သက်တမ်း၁နှစ်ပြည့်မီသူများ သက်တမ်းတိုးဆောင်ရွက်နိုင်ရန်ကို ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သတ်မှတ်ရည်ညွှန်းဈေးထုတ်ပြန်မှုအပေါ် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချရန်ကို မှာကြားခြင်း၊ myro တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲ သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ ၁နှစ်သက်တမ်းပြည်မီသူများ သက်တမ်းတိုးရန် ပန်းတနော်မြို့နယ်အနေဖြင့် ကျန်ရှိသူ ၁၅လုံးရှိသဖြင့် သက်တမ်းတိုးခြင်းကို မဖြစ်မနေဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဌာနမှ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်  ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center 1535 သို့အလွယ်တကူဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း၊  တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ဌာနမှ  စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စပါးဆန် လက်ကျန်စာရင်းများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ကျေးရွာများရှိ ဆန်စက်သို့နှင့် သိုလှောင်ရုံများ  ဆန်/စပါးလက်ကျန်စာရင်းကောက်ယူခြင်းနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ပန်းတနော်မြို့နယ် ကျေးရွာများတွင် တည်ဆောက်ထားသည့် ဆန်စက်များနှင့် သိုလှောင်ရုံများမှ  ဆန်စပါးကြိတ်ခွဲလည်ပတ်မှုကို ကြည်ရှုစစ်ဆေးခြင်း၊ ဖေဖော်ဝါရီလအတွက် ဆန်စက်၊ သိုလှောင်ရုံများမှ လဆန်း(၇)ရက်မှ ၁၀ရက်အတွင်း မြေပြင် လက်ကျန်အခြေအနေမှန်ကို MYRO တွင် ဖြည့်သွင်းဆောင်ရွက်ရန်နှင့် သိုလှောင်မှု အမှန်တကယ်အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် စစ်ဆေးဆောင်ရွက်ခြင်း၊ စပါး၊ ဆန် ဈေးနှုန်း ဈေးကွက် အခြေအနေများနှင့် ထုတ်ပိုးမှု စနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက် ကိရိယာ များ Gasifier, စပါးအခြောက်ခံစက်၊ ဆန်စက်ကီး၊ လတ်စာရင်းအတိုးလျော့ ဆန်စက်ဖျက်သိမ်းစက်များရှိ/မရှိကို အဖွဲ့စုံဖြင့် စိစစ်ခဲ့ကြပါသည်။ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/ မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ဓနုဖြူမြို့နယ်တွင် ပြုလုပ်

        စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဉီးစီးမှူးရုံး၏ ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းရှင်များ အသိပညာပေးဟောပြောပွဲကို ၁၀-၂-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ဦးစီးမှူးရုံးတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

          အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဦးခိုင်လွမ်းမိုးတို့မှ ဟောပြောခဲ့ရာ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ ကုန်မျိုးစုံအရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ၂၀၁၉ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားတွင် ဖော်ပြခြင်းတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

        ထို့နောက် တက်ရောက်လာသူများထဲမှ ထုတ်လုပ်သူလုပ်ငန်းရှင်တစ်ဉီးက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ အရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူ (၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို ကုစားပေးလျက်ရှိပြီး စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများနှင့် စားသုံးသူနစ်နာမှုများအား ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ “စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်လျက်ရှိရာ" စားသုံးသူ ပြည်သူများ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်လျက်ရှိပြီး မအူပင်မြို့နယ် သုံးခွဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ​ကျေးရွာ​နေပြည်သူ (၇၉)ဦးအား ၉.၂.၂၀၂၆ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ စားသုံးသူအခွင့်အရေး (၈) ချက် ကုန်ပစ္စည်းများ၏ အရည်အသွေး၊ သတင်းအချက်အလက်ပြည့်စုံမှုနှင့် လုံခြုံစိတ်ချရမှုကို တောင်းဆိုနိုင်ခြင်းအကြောင်းကိုလည်းကောင်း၊ ကုန်ပစ္စည်းရွေးချယ်ရာတွင် ကုန်အညွှန်းအမှတ်အသား (Label) များတွင် ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်နှင့် ပါဝင်ပစ္စည်းများကို သေချာဖတ်ရှုရန်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာမှုရှိပါက တိုင်ကြားနိုင်ခြင်းနှင့် စပ်လျဉ်း၍ မသမာသော ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ကုန်စည်ကြောင့် အခွင့်အရေးနစ်နာမှုရှိပါက မြို့နယ်စားသုံး သူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခြင်း တိုင်းကြားနိုင်သည့် နည်းလမ်းများဖြစ်သော စားသုံးသူရေးရာဦးစီးဌာနသို့ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများမှာ ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားသော CICC၊ လူကိုယ်တိုင်၊ ဖုန်း၊ အီးမေးလ်၊ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ဟောပြောခဲ့ပြီး ဟောပြေပွဲမှ တက်ရောက်သူ ကျေးရွာနေပြည်သူများမှ ဤဟောပြောပွဲများမှတစ်ဆင့် ကျေးလက်နေပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော စားသောက်ကုန်များကို သတိပြုရွေးချယ်လာနိုင်ကြောင်း ပြန်လည်တင်ပြဆွေးနွေးကြပြီး တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင့်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စားအုန်းဆီ လက်ကား၊ လက်လီဆိုင်များအား သတ်မှတ်စည်ကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ စစ်ဆေး

        ၁၀.၂.၂၀၂၆ ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ညောင်တုန်းမြို့မ၊ စည်ပင်သာယာစျေးအတွင်းရောင်းချလျက်ရှိသော စားအုန်းဆီ လက်ကား၊ လက်လီ အရောင်းဆိုင်များမှ သတ်မှတ်ရည်ညွှန်းစျေးနူန်း၊ အရေအတွက်အချိန်အတွယ်နှင့် စည်းကမ်းများ အတိုင်းလိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိအား မြိုနယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှစျေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ကြသည်။

        စားသုံးသူ‌ရေး ရာဦးစီးဌာနအနေဖြင့် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှတ်တကယ် ရောက်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး၊ ဆီရာင်းချသူလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ မျှတစွာရောင်းချစေရန်၊ အစိုးရထုတ် အိမ်ရှင်မဆီများ သတ်မှတ်နေရာများသို့ အလေးချိန်မှန်၊ ဈေးနှုန်းမှန်၊ စွာရောက်ရှိစေရေးကို ကြပ်မတ်ဆောင်ရွက်စစ်ဆေးလျက်ရှိပါသည်။ စားအုန်းဆီ လက်လီအရောင်းဆိုင်များတွင် ပြည်သူများ ဆီထုတ်ယူခွင့်စားအုပ်ဖြင့် ရောင်းချနေမှုကိုစစ်ဆေးပြီး ပြည်သူများကိုလည်း သတ်မှတ်ရက်အတွင်းရရှိမည့် ဆီပိဿာများကို ထုတ်ယူကြရန်၊ ဆီစာအုပ်များကို ကျပျောက်ခြင်းများမဖြစ်ပေါ်ပါက ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ဆိုင်ရှင်ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်ကြောင်း၊ ဆီစာအုပ်ပျောက်ပါက မည်သည်ထောက်ခံချက်မပါပဲ ပြန်လည်ထုတ်ယူပါက စာအုပ်များကိုမသာမာသူများက လိမ်လည်၍ ထုတ်ယူခြင်းများဖြစ်မည်စိုး၍ သတိပြုသိမ်းဆည်းကြရန်ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အသိပညာပေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ တားမြစ်ချက်များအား အသိပညာပေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၁.၂.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ တားမြစ်ချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သောစားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ  တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၃ အရ  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊  ဝန်ဆောင်မှုနှုန်းထား၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှု၊ ပေးအပ်နိုင်သည့်အချိန်နှင့် စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို စားသုံးသူအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသော ကြော်ငြာများကိုမပြုလုပ်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန် ကမ်းလှမ်းခြင်း၊ ကုန်စည်တစ်ခုကို ဆုကြေး သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချခြင်း၊ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်းမပြုရန် ပုဒ်မ ၆၄ အရ တားမြစ်ထားကြောင်း၊ ထိုပုဒ်မ ၆၃နှင့် ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၇၀ အရ  ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ပါ ပြစ်ဒဏ်များအား စီရင်ခြင်းခံရပြီးနောက် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေချမှတ်နိုင်ကြောင်း တို့အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News