HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့်ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ဇူလိုင်လ (၁၀) ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့သည် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာဆေး ဆိုင်၊ အေးမင်းစိုးဆေးဆိုင်၊ ဒေါ်အိအိနိုင် ဆေးဆိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် စားသုံးသူ ပြည်သူများအား နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော သွေးကျဲဆေးအမျိုးမျိုး၊ သွေးကျဆေး အမျိုးမျိုး၊ အကိုက်အခဲပျောက်ဆေးအမျိုးမျိုး၊ အာရုံကြောဆေး၊ လေဆေး၊ အားဆေးအမျိုးမျိုး စသည့်ဆေးဝါးများ၏ ဈေးနှုန်းအတက်အကျ ပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေ စံနှုန်းမညီ ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများ၊ စပ်ဆေးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ စည်ပင်သာယာဈေးတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာမြို့မဈေး ရုံ(က) အမှတ်(၁/၂)ရှိ အလင်းရောင် အိမ်သုံးလျှပ်စစ်ပစ္စည်းစတိုးဆိုင်တို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရရှိစေရေးတို့အတွက် အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးအခန်းမ၌ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေအကြောင်းဆွေးနွေး”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ (၈)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှကျေး လက်လမ်းဖွံ့ဖြိုးရေး ဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၃၈/၂၀၂၅) ၂၀၂၅ခုနှစ် မေလ (၁၆)ရက်နေ့ တွင် ပြဌာန်းခဲ့ကြောင်း အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသုများက သိရှိလိုသည် များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တွံတေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌အခွန်ထမ်းဆောင်မှုဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအခန်းမ၌ ဇူလိုင်လ (၈)ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင်အခွန်ထမ်းဆောင်မှုဆိုင်ရာ အသိပညာပေးရှင်းလင်း‌ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကော့မှူးမြို့နယ် အခွန်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းသူက အခွန်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ အခွန် ကောက်ခံမှုများနှင့် စပ်လျဉ်း၍ Tax ဧရိယာတိုးချဲ့ ကောက်ခံရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ သက်ဆိုင်ရာဌာနအလိုက် လျာထားကောက်ခံရမည့် အခွန်ငွေများ အပြည့်အဝ ကောက်ခံရေးကိစ္စရပ်များအပေါ်ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနမှ ဦးစီးမှူးမှ လုပ်ငန်းအမျိုးအစားအလိုက် အခွန်စည်းကြပ်မှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးပြီး ကျေးလက်နေပြည်သူများအား ဆက်လက်အသိပေး စည်းရုံးဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အင်အား (၉၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်ရှိတောင်သူများ၏ မိုးစပါးစိုက်ပျိုးဧကအထွက်နှုန်းများအား ကွင်းဆင်းလေ့လာခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးစပါးများကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ပြည်ပဝင်ငွေရရှိစေရန် တောင်သူများ သီးနှံဝင်ငွေတိုးပွား စေရန် စက်ပိုင်၊ ကုန်သည်၊ ပွဲစားများအား အလုပ်အကိုင်ရရှိစေရန်တို့အတွက် နှစ်စဉ် တစ်မြို့နယ် လုံးတွင် လယ်ဧက (၁)သိန်းကျော်ခန့်အား တောင်သူများက ထွန်ယက်စိုက်ပျိုး ထုတ်လုပ်လျှက် ရှိရာ စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ၏ မြေပြင်အခြေအနေများကို သိရှိရန်အတွက် စားသုံးသူ ရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျေးရွာများသို့ ကွင်းဆင်း၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံပြီး လေ့လာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ခရမ်းမြို့နယ်ရှိ ဖိုဂံတောင်ကျေးရွာ၊ လက်ပန်းတန်း ကျေးရွာ၊ စွယ်တော်ကွင်းကျေးရွာများရှိ တောင်သူများနှင့် တွေ့ဆုံလေ့လာခဲ့ရာတွင် ယခင်နှစ် (၂၀၂၄-၂၀၂၅) ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုများ ရှိခြင်းကြောင့် စပါးပင်များလဲ၍ အထွက်နှုန်းများ လျော့ကျခြင်းများရှိခဲ့၍ တောင်သူအများစုမှာ စိုက်ပျိုးရိတ်သိမ်း အရင်းသာရခြင်း၊ အချို့တောင်သူများ အရှုံးပေါ်ခြင်းများ ရှိခဲ့ပါကြောင်း၊ ယခု နှစ် (၂၀၂၅-၂၀၂၆) ခုနှစ်မိုးစပါးများကိုလည်း မေလဆန်းမှစ၍ ထွက်ယက်ပြီး စပါးများ ကြဲပတ် စိုက်ပျိုးခဲ့ရာ စပါးပင်သက်တမ်း(၂)လခန့် ရှိပြီဖြစ်ပြီး ယခုအချိန်အထိ ရာသီဥတုမှာ မိုးရေချိန် ပြည့်မီစွာရွာသွန်းခြင်း၊ ပိုးမွှားကျရောက်မှု မရှိသေးခြင်းကြောင့် မိုးစပါးများ ဖြစ်ထွန်းလျက်ရှိနေ ပြီး စပါးအထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ ဌာနအနေဖြင့် ပံ့ပိုးပေးမှုများရှိလျှင် ကောင်းမည်ဖြစ်ပြီး သီးနှံထွက်ရှိချိန်တွင်လည်း စပါးဈေးကောင်းများရရှိလျှင် တောင်သူများ အကျိုးအမြတ်ရရှိပြီး စိုက်ဘဏ်ချေးငွေများ အကြေပြန်လည် ပေးဆပ်နိုင်၍ တောင်သူများ၏ လူနေမှုဘဝများ မြင့်မားလာနိုင်မည်ဖြစ်ကြောင်း စပါးစိုက်တောင်သူများက ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်တွင်အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်း အမျိုးမျိုးရောင်းချ သောဆိုင်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား များပါဝင်ခြင်းရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင် သာယာရေးတို့ ပူးပေါင်း၍ ဇူလိုင်လ(၈)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ခရမ်းမတိုး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ရွှေငါးကြင်း လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းခန်းမတို့တွင် ရောင်းချလျှက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင် သတိပေးချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး ဈေးဆိုင်တာဝန်ခံ မန်နေဂျာ များအားလည်း ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဆိုင်တွင်ရောင်းချ၍ စားသုံးသူအား ကုန်စည်နှင့် ပတ်သတ်သည့် သတင်း အချက်အလက်များကို တိကျမှန်ကန်စွာပေးခြင်း စားသုံးသူအခွင့်အရေးများ ရရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်အမက(၇)ကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာဟောပြောခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ အခြေခံမူလ တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၈)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ထိုသို့ အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကလေးများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်များတွင် လေ့လာဖတ်ရှု့နိုင်သည့် စာအုပ်စာပေများအကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်စွန့်ရန် လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားလာစေရန် ရာသီဥတုအလိုက် နေထိုင်စားသောက်ရမည့်အချက်များနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရန် ကာကွယ်ရေးနည်းလမ်းများအား ရှင်းလင်း ဟောပြောခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်း ထားသော စားသုံးသူ၏အဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအားရှင်းလင်းပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိထားရမည့် အချက်များနှင့် စားသုံးသူအခွင့်အရေးဆုံးရှုံးပြီး နစ်နာမှုများရှိလျှင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center No.1535 သို့ အလွယ်တကူခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းနှင့် မိမိတို့ သိရှိသွားသော အသိပညာဗဟုသုတ များအားလည်း အခြားသူများအား ပြန်လည်မျှဝေပေးရန်တို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိအခြေခံမူလတန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးရန် (သို့မဟုတ်) အသုံးမပြုရန် သင့်မသင့်နှင့် ဘေးအန္တရာယ်ရှိ/မရှိကို စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေး၍ စဉ်ဆက် မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်း မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ အခြေခံမူလတန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ သောအသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်များ၊ အသုပ်စုံများ ရောင်းချခြင်းများကို ဇူလိုင်လ(၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံက ကျောင်းအုပ်ဆရာမကြီး တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ FDA ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ၊ နောက်ဆုံးသုံးစွဲရမည့် ရက်ကျော်လွန်နေခြင်းမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြပြီး မုန့်ရောင်းချသော ဈေးသည်များအားလည်း ကလေးငယ်များ ဘေးအန္တရာယ်ရှိ စေရေး မုန့်များကို ရောင်းချခြင်းမရှိစေရန် အသုပ်စုံ ရောင်းချသည့် ဈေးသည်များအား အစားအသောက်များအား ယင်မနားစေရန် ဖုံးအုပ်ခြင်းများ ဆောင်ရွက်ကြရန် ဝမ်းပျက်ဝမ်း လျောရောဂါများ ဖြစ်ပွားမှုမရှိစေရန် သန့်ရှင်းစွာ ဆောင်ရွက်ကြရန် အမှည့်လွန်သစ်သီးများအား ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးနှင့်ရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၌ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဆိုင်(၅)ဆိုင်အား အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ဥပဒေ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတိုင်း ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အမှတ်တံဆိပ်ပြဌာန်းချက်များ၊ ထောက်ခံချက်များ ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးသူအောင်ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များ၌ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News